.

သန်းရွှေ

၁၃၇၀ ပြည့်နှစ်။ တပေါင်းလပြည့်ကျော် (၀၃) ရက်။ သောကြာနေ့။

သန်းရွှေ DNA ကို စစ်လျင် ထိုင်း လူမျိုးဖြစ်ကြောင်းတွေ့ လိမ့်မည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာလူမျိုးမဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဘက်မှ ဆွေမျိုးနီးစပ်တော်သူတစ်ဦးမှ ဖော်ထုတ်လိုက်သည်။ သန်းရွှေရဲ့ ထိုင်းငယ်နာမည်မှာ ခွိုင်ဒန် (ကျွဲကြီး) ဖြစ်ကြောင်း သန်းရွှေ မိဘများမှာ ထိုင်းရာမနတ်ကို ကိုးကွယ်သူများဖြစ်ကြောင်း သူတို့ငယ်စဉ်က နစ်စဉ်ပူဇော်ပသမှုများပြုလုပ်လေ့ရှိကြောင်း။ရာမနတ်ကွန်းကိုမန္တလေးမြို့တွင် ယနေ့တိုင်တွေ့ရှိနိင်သေးကြောင်း။



အဆိုပါပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ထံမှ အကူအညီလုံးဝမယူဘဲ ယနေ့ထက်တိုင်သက်ရှိထင် ရှားနေထိုင်လျက်ရှိသော (အမည်မဖော်လိုသူ)အသက်အရွယ်ကြီးရင့်ပြီဖြစ်သော အမျိုးသားတစ်ဦးဖြစ်သည်။ 'လူတွေကပြောတယ်၊ သူ့ခေတ်သူ့အခါပဲ သူ့(သန်းရွှေ)ဆီ အကူအညီတောင်းလိုက်လို့ တိုက်တွန်းကြတယ်။ အေးအေးပဲနေချင်တယ်။ သူတို့နဲ့မပတ်သက်ချင်ဘူး'ဟုကိုယ့်အားကိုယ်ကိုးရပ်တည်နေသော အဘမှပြောပြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းနှင့်ပတ်သတ်၍သိရှိသမျှကိုပြန်လည်ပြောပြရာ'မွန်ပြည်နယ်မှဖြစ် ကြောင်း၊ သန်းရွှေမှာ ထိုနယ်ရှိထိုင်းသုံ့ပန်းများမှပေါက်ဖွားလာသောထိုင်းအနွယ်ဖြစ်ကြောင်း၊ ထိုသုံ့ပန်းများ သည်မြန်မာမင်းများယိုးဒယားကိုတိုက်ခိုက်စဉ်က ဖမ်းဆီးလာသော သူများဖြစ်ကြောင်း၊ အဆိုပါဒေသတွင်ထိုင်းသုံ့ပန်းတို့သည် ခက်ခဲပင်ပန်းစွာအသက်မွေးရကြောင်း၊ အချို့မှာ လယ်ကျွန်နှင့် ပြည့်တန်ဆာများအဖြစ်လုပ်ကိုင်ကြကြောင်း၊ယနေ့တိုင်ထိုထိုင်းအနွယ်တို့ကိုတွေ့နိုင်သေးကြောင်း။

လူပျိုပေါက်အရွယ်တွင်သန်းရွှေသည် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကျောက်ဆည်နယ်သို့ မိဘများ ဇာတိကိုဖျောက်၍ လာရောက်အလုပ် လုပ်ကိုင်သူဖြစ်ကြောင်း၊ မြန်မာလူမျိုးမိသားစု တစ်စုက လက်ခံကာကျွေးမွေးခဲ့ကြောင်း၊ထိုမိသားစုကို ယနေ့တိုင် သန်းရွှေမှစောင့်ရှောက်ထားကြောင်းနှင့် ယင်းမိသားစုဝင်များသည် ယခုခရိုင်အုပ်ချုပ်ရေးမှူးထက်ပင်သြဇာအာဏာရှိကြောင်း၊ ဗိုလ်သင်တန်းတက်ရန် အရွေးချယ် မခံရမီ အထိမိတ္ထီလာစာတိုက်တွင်ရုံးစာရေးလုပ်ခဲ့ကြောင်း၊ ဗိုလ်သင်တန်းက်ရန်အတွက် အသက်ကြီးလွန်းနေသဖြင့်အသက်ကို လိမ်ကာ (၁၉၃ဝ)တွင်မွေးသည်ဟု၎၊၅နှစ်ခန့်လိမ်လည်ခဲ့ကြောင်း၊ မွေးနှစ်အမှန်ကို မည်သူမျှမသိကြောင်း၊စစ်ဗိုလ်ဘဝတွင် သန်းရွှေဦးဆောင်သော တိုက်ပွဲများ အမြဲလိုရှုံးကြောင်း၊ ဒီအချက်ကလည်း ထိုင်းဇာတိကိုပြနေခြင်းဖြစ်ကြောင်း။

ထိုစဉ်အခါက စစ်တပ်တွင် တိုက်ပွဲရှုံးပါက ပြင်းပြင်းထန်ထန်အရေးယူသောစနစ်မရှိသေးဘဲ တိုက်ပွဲမ အောင်သောတပ်ကို ကားစီစဉ်မပေးဘဲ လမ်းလျှောက်ပြန်စေခြင်းကဲ့သို့ပြစ်ဒဏ်များကိုသာ ပေးလေ့ရှိ ကြောင်း၊သန်းရွှေဦးစီးသောတပ်မှာ မကြာခဏ လမ်းလျှောက်ပြန်လာရသောတပ် ဖြစ်ကြောင်း'တို့ကို ပြောပြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးတိုးလာပုံနှင့်ပတ်သက်၍'နေဝင်းအာဏာသိမ်းပြီးနောက်တွင် သန်းရွှေကို စစ်မတိုက်ခိုင်းတော့ဘဲ မင်္ဂလာဒုံတွင်ဖွင့်လှစ်ထားသော ဆိုရှယ်လစ်စနစ်ကို သင်ကြားပေးရသည့်ဗဟိုနိုင်ငံရေးတက္ကသိုလ်တွင်ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်ထားကြောင်း၊ နောက်ပိုင်းတွင် နေဝင်းက စောမောင်အား ကာကွယ်ရေးဦးစီးချုပ်ခန့်ရာ စစ်အတွေ့အကြုံနုသော သူကိုရှာဖွေ၍ စောမောင်နှင့် တွဲဖက်ပေးပါက အမိန့်နာခံမည်ဟုထင်ကာ လူရှာရာ သန်းရွှေကိုတွေ့ကြောင်း၊ သန်းရွှေမှာ 'ခပ်ထုံထုံ၊ခပ်အအ' ဖြစ်သည့်အတွက် အခြားထက်မြက်သူများကဲ့သို့ခေါင်းဆောင်ကိုပြန်လည် တော်လှန်မည့်သူမဖြစ်နိုင်ဟု နေဝင်းနှင့်စောမောင်မှ ယူဆခဲ့ကြောင်း၊ ထို့ကြောင့်ဒုတိယကာကွယ်ရေးဦးစီးချုပ်ရာထူးကိုပေးအပ်ခဲ့ကြောင်း၊ စောမောင်မှာ ၁၉၉ဝခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမိရာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့မှ အနိုင်ရသွားသဖြင့် 'အာဏာလွှဲမယ်'ဟု စကားကျွံသွားသောကြောင့် ရာထူးမှဖယ်ရှားခံရကာ သန်းရွှေနေရာရလာကြောင်း'တို့ကို မှတ်သားဖွယ်ရာပြောပြခဲ့သည်။


သို့သော် ဤနေရာတွင် မရှင်းလင်းသည့်အချက်တစ်ချို့ကိုအထက်ပါ ရှေးမီနောက်မီအဘအား မေးမြန်းမိသည်။ 'ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုင်းလူမျိုးထဲကဆိုရင်သူကဘာဖြစ်လို့ထိုင်းနိုင်ငံကိုမုန်းတာလဲ။ သူ့လက်ထက်မှာ ယိုးဒယားလူမျိုးတွေကို မုန်းတီးတဲ့စာတွေကိုကျောင်းဖတ်စာအုပ်တွေထဲမှာထည့်သွင်းသင်ကြားရတာရယ်၊ ပြီးတော့ထိုင်းနဲ့မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတင်းမာလာတွေကိုရော ဘယ်လိုပြောမလဲ။ 'ဟုမေးမြန်းရာ'ဒါသူ့ရဲ့ သိပ်တော်တဲ့နည်းဗျူဟာကွ၊ မင်းတို့ ၁၉၆၇တုန်းကတရုတ်ဗမာအဓိကရုဏ်းကိုမီ ချင်မှမီမယ်။ နေဝင်းလက်ထက်မှာ တရုတ်နဲ့ဗမာသတ်ကြတယ်။ အားလုံးသိတဲ့ အတိုင်းနေဝင်းကတရုတ်။ သူ့နာမည်အရင်းကရှုမောင်၊ တို့ဗမာအစည်းအရုံးထဲဝင်တော့ သခင်ရှုမောင်ဖြစ်လာတယ်။ နောက်တော့ရဲဘော်သုံးကျိပ်မှာသခင်အောင်ဆန်းက ဗိုလ်တေဇနာမည်ပြောင်းတော့၊သူကဗိုလ်နေဝင်းဖြစ်လာတယ်။ ဒီကောင်က မရိုးသားတဲ့ကောင်ဆိုတော့ ဗိုလ်ချုပ်(အောင်ဆန်း)မရှိတော့ တိုင်းပြည်အာဏာကို မတရားသိမ်းပြီးအုပ်ချုပ်တာ။ အဲဒီလိုအုပ်ချုပ်တာ သူ့ကို တို့ဗမာတွေက တရုတ်လို့ထင်မှာစိုးတော့ မဆီမဆိုင်တ ရုတ်တွေကိုသွားပြီးနှိပ်ကွပ်တော့တာပဲ။ တရုတ်စာသင်ကျောင်းတွေ ပိတ်ပစ်လိုက်တယ်။ တရုတ်သံရုံးက ဝန်ထမ်းတွေကိုသတ်တဲ့အထိလုပ်ပြလိုက်တယ်။

နေဝင်းတပည့်သန်းရွှေကလည်း သူ့ဆရာလုပ်သလို လိုက်လုပ်တာပေါ့။ယိုးဒယားလူမျိုးတွေကို သူကရန်လိုတဲ့ပုံစံပြထားတော့ သူ့ကိုဘယ်သူက ယိုးဒယားလို့ထင်ဦးမှာလည်းကွ။'အထက်ပါအဘ၏စကားအ ဆုံးတွင်ခေါင်းထဲတွင်ယခင်က မရှင်းလင်းသော အချက်တစ်ခုထင်းကနဲမြင်လာသည်။

ကျောက်ဆည်သားတို့သည်ယဉ်ကျေးကြသည်။ မြန်မာဆန်သည်။ ယနေ့အထိရိုးရိုးကြီး၊တုံးတိကြီးစကား ပြောကြသည်။ မြန်မာအစ ကျောက်ဆည်က'ဟုပညာရှင်တို့ခံယူထားသည်။ ယခင်ကသန်းရွှေမှာ ကျောက်ဆည်သားဟု အများကသိရှိထားရာ 'အဘယ့်ကြောင့်ကျောက်ဆည်သားဖြစ်လျက် ဤမျှ လောက်ရိုင်းသနည်း၊ ရဟန်း၊သံဃာကိုသတ်ဖြတ်ဝံ့သနည်း' ဟုတွေးမရသော အရာတို့သည် အဘ၏ရှင်း ပြချက်ကိုနားထောင်ပြီးရှင်းလင်းသွားပါတော့သည်။

(အဘသည် မြန်မာပြည်တွင်းတွင် နေထိုင်လျက်ရှိသောကြောင့် အဘကိုငဲ့၍အသေးစိတ်ကို ပြောပြရန်ခက်ခဲနေသည်။ အဘက သူ၏ပြောပြချက်များကို သက်သေအခိုင်အမာထူရန် တာဝန်ယူကြောင်းပြော လိုက်ပါသေးသည်။ နောက်တွင် အဘမျက်စိမှိတ်သွားလျှင် သော်လည်းကောင်း၊ သန်းရွှေရာထူးပြုတ်ကျသွားလျှင်သော်လည်း ကောင်း အဘမည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော်ပြောကြားပါမည်။

ယခုအချက်အလက်များသည်မြန်မာလူမျိုးတို့ သိထားသင့်သည်ဟုအခိုင်အမာယုံကြည်၍တာဝန်သိ သော(သို့မဟုတ်) တာဝန်ရှိသော မြန်မာတစ်ဦးအနေဖြင့် ဖော်ထုတ်လိုက်ပါသည်။ ဖြစ်တန်၏၊မဖြစ်တန်၏' ကိုမိမိတို့ကိုယ်တိုင် သိရှိကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရုပ်ရည်ပုံပန်းသဏ္ဌာန်၊ အပြုအမှု၊ သဘောထားတို့မှ တဆင့် စဉ်းစားဝေဖန်သုံးသပ်ကြပါ။

လွတ်လပ်ရေးလိုချင်ရင် လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ဖို့လိုအပ်ပါတယ်။ သင်ကိုယ်တိုင်ဖြတ်သန်းနေရတဲ့ မြန်မာနိုင်ငံရဲ့ ခေတ်ဆိုးကြီးမှာ သင့် သား၊ မြေး၊ မြစ် ....များကို သင့်လိုဖြတ်သန်းစေချင်ပါသလား။ သင့်မျိုးဆက်များ ဘာသာမဲ့ စစ်အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ဖို့သင့်မှာတာဝန်ရှိပါတယ်။ သင့်နိုင်ငံကို ကမ္ဘာ့အလယ်မှာ ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ တတ်နိုင်တဲ့ဘက်က တိုက်ပွဲဝင်ကြပါ။ သေနတ်ကိုင်တိုက်မှ တိုက်ပွဲဝင်တာ မဟုတ်ပါဘူးဆိုတာ အားလုံးသိစေချင်ပါတယ်။

အီးမေးမှကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့