tag:blogger.com,1999:blog-17806057560880450762024-03-08T13:08:01.583+06:30ဖြတ်သန်းခြင်း (မရေရာမှုများစွာဖြင့်)Mayzinhttp://www.blogger.com/profile/05494113235089419082noreply@blogger.comBlogger10125tag:blogger.com,1999:blog-1780605756088045076.post-5612986940414054812008-06-21T14:27:00.001+06:302010-01-18T16:07:54.958+06:30ဘယ်သူပြောင်းပြောင်း။ သူဘဲ မင်းကြီးသက်တော်ရှည်. (ငါမအိုသေး)Saturday, 21, 06, 2008. / 18, 03, 1370.

စစ်အစိုးရ၏ အရေးပါသော ရာထူးများတွင် အပြောင်းအလဲများလုပ်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 20 2008 21:15 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံမှ လျှို့ဝှက် သိပ်သည်းလှသော ဗိုလ်ချုပ်ကြီးများသည် အစိုးရ အဖွဲ့တွင်းနှင့် တပ်တွင်း အရေးပါသော ရာထူး နေရာများကို အပြောင်းအလဲ ပြုလုပ်လိုက်သည်။

စစ်အစိုးရက အစိုးရအဖွဲ့တွင်း အပြောင်းအလဲများကို တရားဝင် ကြေညာသော်လည်း စစ်တပ်တွင်း တပ်မှူး အပြောင်းအလဲများနှင့် ကာကယ်ရေး အထူးစစ်ဆင်ရေး ဌာနမှူး (BSO) အပြောင်းအလဲများကိုမူ ထုံးစံအတိုင်း ပင် ထုတ်ပြန် ကြေညာခြင်း မပြုပါ။

ယခင်က ဝန်ကြီးဌာန ၂ ခုကို ပူးတွဲ ကိုင်ထားခဲ့သော ဗိုလ်ချုပ် မောင်မောင်ဆွေကို ဆိုင်ကလုံးအလွန် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး လုပ်ငန်းများကို တာဝန်ယူရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တနေရာကိုသာ တာဝန် ယူရန် လျှော့ချလိုက်သည်။ အခြား ဝန်ကြီးဌာနတခု ဖြစ်သော လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဌာနကိုမူ အသစ် ခန့်အပ်လိုက်သော ဗိုလ်ချုပ် စောလွင်က တာဝန်ယူမည် ဖြစ်သည်။

ဗိုလ်ချုပ် စောလွင်၏ ယခင် ရာထူးဖြစ်သော စက်မှု (၂) ဝန်ကြီး တာဝန်ကို ရေတပ် စစ်ဦးစီးချုပ် ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက လွှဲပြောင်း တာဝန်ယူမည် ဖြစ်သည်။

ယင်းကို လေ့လာသူများက အာဏာ လျောကျသွားခြင်း ဖြစ်သည် ဟု သုံးသပ် ပြောဆိုနေကြသည်။ ထိုအတောအတွင်း အလားတူ တပ်မှူး အပြောင်းအလဲ အများအပြားကို မြန်မာ စစ်အစိုးရက ကြေညာခြင်း မပြုဘဲ ပြုလုပ်ခဲ့ခြင်းကို ပြုလုပ်ခဲ့ သည်။ ငယ်ရွယ်သော အရာရှိများကို တပ်မှူးများအဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပြီး အရေးပါသော နေရာရှိ တပ်မှူးကြီးများကို ပိုမြင့်သည့် ရာထူး ဖြစ်သည့်စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ်များ (ကစထ) သို့ တိုးမြှင့် ခန့်အပ်ခဲ့သည်။

စစ်တပ် အသိုင်းအဝိုင်းမှ လာသော သတင်းအရ အရေးပါသော စစ်တပ် တပ်မှူး ၄ ဦးကို ကစထမှူးများအဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။ အဆိုပါတပ်မှူးကြီး ၄ ဦးမှာ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကို တို့ ဖြစ်ကြပြီး ယင်းတို့ကို ကစထမှူးများ ဖြစ်လာကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

မြန်မာစစ်တပ်တွင် ကထစမှူးရာထူး ၅ နေရာရှိပြီး ယခင် ကစထမှူးများထဲမှ ဗိုလ်ချုပ်မောင်ဘို တဦးသာ မူလရာထူးတွင် ကျန်ရစ်သည်။ အခြား ၄ ဦးဖြစ်သည့် ဗိုလ်ချုပ် ရဲမြင့်၊ ဗိုလ်ချုပ် အောင်ထွေး၊ ဗိုလ်ချုပ် ကျော်ဝင်း နှင့် ဗိုလ်ချုပ် ခင်မောင်သန်း တို့ကို အငြိမ်းစားပေးလိုက်သည်။

အနားယူသွားရပြီ ဖြစ်သော ကစထမှူးများမှာ စစ်အစိုးရ အဖွဲ့အတွင်း နံပါတ် ၃ ခေါင်းဆောင် ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှုး (ကြည်း၊ ရေ၊ လေ) ဒုဗိုလ်ချုပ်ကြီး ရွှေမန်းထက် ဝါရင့်သူ (သို့မဟုတ်) အကြီးအကဲဟောင်းများ ဖြစ်ခဲ့ကြခြင်း ကြောင့် စစ်တပ်ပုံစံ အမိန့်ပေး ကွပ်ကဲမှုအရ ကသိကအောက် ဖြစ်ခဲ့ကြသည်။

အသစ်ခန့်အပ်မည့် တိုင်းမှူးသစ်များတွင် ကလော စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ကျော်ဖြိုးနှင့် သံတောင် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ရာပြည့် တို့ ပါဝင်မည် ဖြစ်သည်။ အခြား ၂ ဦး၏ အမည်ကို မူ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

ဤအတောအတွင်း အရေးပါသော ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ကိုလည်း တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေး၏ နေရာတွင် ပြောင်းလဲ ခန့်ထားလိုက်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေးမှာမူ အငြိမ်းစား ယူလိုက်သည်ဟု အဆိုပါ သတင်းရပ်ကွက်များကပင် ဆက်လက် ပြောကြားသွားပါသည်။

“တပ်မှူးတွေ အကုန်လုံး အပြောင်းအလဲ ရှိတယ်၊ မပြောင်းတာဆိုလို့ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေနဲ့ (ဒုဗိုလ်ချုပ်မှူးကြီး) မောင်အေးဘဲ ရှိတယ်” ဟု စစ်တပ် အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါသည်။

Mayzinhttp://www.blogger.com/profile/05494113235089419082noreply@blogger.com0tag:blogger.com,1999:blog-1780605756088045076.post-15216587011415419592008-06-07T00:59:00.000+06:302009-12-09T04:28:44.540+06:30ရုပ်ရှင်လောကသားတချို့ မူးယစ်ဆေးမှုနှင့် ခေါ်ယူစစ်ဆေးမေးမြန်းခြင်းခံရ
Saturday, 07, 06, 2008./ 04, 03, 1370.
ဖေဖော်ဝါရီလအတွင်းက နေပြည်တော် အကယ်ဒမီဆုပေးပွဲတွင် အကယ်ဒမီ ရွှေစင်ရုပ်ဆုများကို ပူပူနွေးနွေး ဆွတ်ခူးရရှိခဲ့ကြသည့် ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း၊ မင်းသမီး အကယ်ဒမီ နန္ဒာလှိုင်၊ ဇာတ်ပို့ အကယ်ဒမီ ဖိုးကျော်နှင့် သရုပ်ဆောင် န၀ရတ်တို့ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုများနှင့် ပတ်သက်၍ သံသယရှိသည့်အတွက် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့တဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အကယ်ဒမီဆုရ ဇာတ်ပို့သရုပ်ဆောင် ဖိုးကျော်သည် မူးယစ်ဆေးဝါးကို ကိုယ်တိုင်ကိုယ်ကျ သုံးစွဲသူဖြစ်သလို ရုပ်ရှင်လောကအတွင်း အဓိက ရောင်းဝယ်ဖောက်ကားသူဟု နာမည်ထွက်နေသည့်အတွက် သူအား ပထမဆုံး ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ကြောင်း၊ ထို့နောက်မှ သူနှင့် ဆက်နွယ်နေသည့် မြန်မာရုပ်ရှင် လောကသား တချို့ကို ယခုကဲ့သို့ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခေါ်ယူစစ်ဆေး မေးမြန်းခံရသူများကို ယခုအခါ ပြန်လွှတ်ပေးခဲ့ပြီး ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်းကိုမူ အဆိုပါ အမှုကြောင့် နာဂစ်မုန်တိုင်း ရန်ပုံငွေအတွက် ရိုက်ကူးမည့် ဇာတ်ကား (၆)ကား၏ ဒါရိုက်တာများ စာရင်းမှ ဖြုတ်ချန်ထားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရုပ်ရှင်လောကသားအချို့ စစ်ဆေးမေးမြန်းခံရမှုသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရသည့် အထူးစစ်ဆင်ရေး (၁) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏ သားဖြစ်သူ အောင်ဇော်ရဲမြင့်၏ အမှုနှင့် ဆက်စပ်ပတ်သက်နေကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံ ရုပ်ရှင် လောကသားများအတွင်း အက်ကစီ၊ ရာဘ ခေါ် ရာမနှင့် ဘိန်းဖြူသုံးစွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ဒေါက်တာလွဏ်းဆွေမှ ကူးယူဖေါ်ပြသည်။

Mayzinhttp://www.blogger.com/profile/05494113235089419082noreply@blogger.com0tag:blogger.com,1999:blog-1780605756088045076.post-82542410342118593572008-06-06T19:08:00.000+06:302009-12-09T04:28:44.519+06:30သံရုံးမှ ထွက်ပြေးမှုများ များပြားလာမည်ကို နိုင်ငံခြားရှိ မြန်မာသံအမတ်ကြီးများ အထူးစိုးရိမ်နေ
င်္Friday, 06, 06, 2008. / 03. 03. 1370.
လန်ဒန်မြန်မာသံရုံးမှ မြန်မာသံတမန်တဦးနှင့် မိသားစု ထွက်ပြေးပြီးနောက်ပိုင်း မြန်မာသံတမန်များ အလားတူ ထွက်ပြေးမည်ကိုနိုင်ငံခြားမြန်မာသံအမတ်ကြီးများအထူးစိုးရိမ်မကင်းဖြစ်နေသည်ဟုသံတမန်သတင်းရပ်ကွက်က ပြောသည်။

အင်္ဂလန်နိုင်ငံလန်ဒန်မြို့မြန်မာသံရုံးမှရုံးအုပ်ကြီးအဆင့်ရှိဒေါ်နွယ်နီနှင့်မိသားစုနေပြည်တော်ပြန်ပြောင်းရမည့်အချိန်တွင် သံရုံးမှထွက်ပြေးပြီးဗြိတိသျှအစိုးရထံနိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့သည့်အတွက် နိုင်ငံခြား မြန်မာသံအမတ်ကြီးများ ယခုကဲ့သို့ စိုးရိမ်မကင်း ဖြစ်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် သံတမန်တဦးက ပြောသည်။

လက်ရှိနိုင်ငံခြားမြန်မာသံအမတ်ကြီးအများစုမှာဗိုလ်မှူးကြီးအဆင့်အနိမ့်ဆုံးရာထူးရှိသည့်စစ်ဘက်အရာရှိများဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များတွင်တာဝန်ထမ်းဆောင်နေသည့် မြန်မာသံအမတ်ကြီးများကို ၂၀၀၄ ခု ဒီဇင်ဘာ (၂) ရက်နေ့အရောက် ရန်ကုန်ပြန်လာ သတင်းပို့ခိုင်းပြီး မကြာခင် စစ်ဘက်အရာရှိများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားမြန်မာသံရုံးများမှထွက်ပြေးသည့်အရပ်ဘက်ဝန်ထမ်းများသည်နိုင်ငံခြားရေးဝန်ကြီးဌာနနေပြည်တော်ပြောင်းပြီး
နောက်ပိုင်း အပြေးများလာသည်ဟု နေပြည်တော်အရာရှိတဦးက ပြော သည်။ အထူးသဖြင့် နိုင်ငံခြားမှာ တာဝန်ကျသည့် နှစ်ပြည့်၍ နေပြည်တော်ပြန် ပြောင်းရမည့်အချိန် မျိုးတွင် မြန်မာသံရုံးမှ ထွက်ပြေးလေ့ရှိသည်ဟု ပြောသည်။

မကြာခင်နှစ်များအတွင်း ဘန်ကောက်မြန်မာသံရုံးမှ မြန်မာသံတမန်အမျိုးသမီးနှင့် မိသားစု ဖိလစ် ပိုင်နိုင်ငံသို့ ထွက်ပြေးခဲ့သည်ဟုသံတမန်သတင်းရပ်ကွက်ကပြောသည်။၂၀၀၅ ခုနှစ်ကလည်း အမေရိကန်နိုင်ငံ မြန်မာသံရုံး ဒု-သံအမတ် ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ် အမေရိကန် ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့သည်။ ဗိုလ်မှူးအောင်လင်းထွဋ်သည်ဇနီး၊သား(၁)ဦး၊သမီး(၂)ဦး၊ညီမ(၁)ဦးတို့နှင့်အတူနိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့ခြင်းဖြစ်သည်ဟု Washington Post သတင်း စာက ရေးခဲ့သည်။

ထောက်လှမ်းရေးဒုတိယအကြီးအကဲဗိုလ်မှူးချူပ်ကျော်ဝင်း၏တရားမ၀င်ဇနီးဟုစွပ်စွဲခံရသည့်မြန်မာအမျိုးသမီးတဦး ၀ါရှင်တန်ရောက်ပြီးမကြာခင်ထောက်လှမ်းရေးဗိုလ်မှူးအောင်လင်းထွဋ်နှင့်မိသားစုနိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့ခြင်း ဖြစ်သည်။ ။

Mayzinhttp://www.blogger.com/profile/05494113235089419082noreply@blogger.com0tag:blogger.com,1999:blog-1780605756088045076.post-90060082628265265332008-06-05T13:40:00.001+06:302010-01-18T16:50:51.546+06:30လူကုန်ကူးမှု အဆိုးဆုံးအဆင့်မှာ မြန်မာနိုင်ငံ ၇နှစ် ဆက်တိုက်ပါဝင်နေThursday, 05, 06, 2008/ 02, 03, 1370.

အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲ ကမ္ဘာပေါ်က လူကုန်ကူးမှုအဆိုးဆုံးနိုင်ငံ ၁၄နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုနိုင်ငံ အဆိုးဆုံးစာရင်းထဲမှာ ပါဝင်တာ ဒါဆိုရင် ၇နှစ်မြောက် ဆက်တိုက်လို့ ပြောရမှာပါ။ အဆင့် သုံးဆင့် သတ်မှတ်ထားတဲ့အထဲ မြန်မာနိုင်ငံပါဝင်တဲ့ အဆင့် သုံးပါ နိုင်ငံတွေမှာဆိုရင် အစိုးရတွေကနေ လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံသတ်မှတ်ချက်တွေကိုတောင် ပြည့်ဝအောင် မဆောင်ရွက်တဲ့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက်လည်း ထိရောက်တဲ့ကြိုးပမ်းမှုတွေ ဆောင်ရွက်တာမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက အပြစ်တင်ထားပါတယ်။

မန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ ဒီနှစ် အလေးပေးဖော်ပြချက်မှာတော့ လူတွေကို ကျေးကျွန်တွေလို့ အတင်းအဓမ္မလုပ် အားပေးခိုင်း စေတယ်ဆိုတဲ့အချက်ပါ။ ပြည်တွင်းမှာ ဒီပြဿနာမျိုးတွေ ရှိနေတဲ့အပြင်၊ စီးပွားရေးပြဿနာနဲ့ နိုင်ငံရေးနှိပ်ကွပ်မှုတွေကြောင့် အိမ်နီးချင်း တိုင်းပြည်တွေကို ထွက်ပြေးအလုပ်လုပ်ကြရတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း အလားတူ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာ လူကုန်ကူးတာတွေရဲ့ သားကောင်းတွေ ဖြစ်ရရှာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အစီရင်ခံစာက ထောက်ပြထားပါတယ်။

ကမ္ဘာမှာတော့ ကလေးနဲ့အမျိုးသမီးတွေဟာ လူကုန်ကူးသူတွေရဲ့ သားကောင်ဖြစ်ရရှာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က အစီရင်ခံစာ ထုတ်ပြန်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

လူကုန်ကူးသူတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ အားအနည်းဆုံးလူသားတွေ အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေကို ပစ်မှတ်ထား ကြပါတယ်။ သူတို့ရဲ့ အားနည်းချက်ကိုသုံးပြီးတော့ သူတို့ကို ကျေးကျွန်အဖြစ် အသုံးပြုကြပါတယ်။

အတင်းအဓမ္မလုပ်အားပေးခိုင်းစေဖို့နဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် လူကုန်ကူးမှုတွေမှာ မြန်မာနိုင်ငံသား အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ အမျိုးသားတွေဟာ ပစ်မှတ်ဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားဌာန အစီရင်ခံစာက ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ကလေးတွေဟာ ထိုင်း၊ တရုတ်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန် မလေးရှား တောင်ကိုရီးယားနဲ့ မကာအိုနိုင်ငံတွေကို လူကုန်ကူးခံရပြီးတော့ လိင်ဖျော်ဖြေရေးအလုပ်တွေ အချုပ်အနှောင်အိမ်တွင်းအခိုင်းအစေဘ၀တွေနဲ့ အတင်းအဓမ္မလုပ်အား ပေးခိုင်းစေတာမျိုးတွေမှာ အသုံးချခံရတယ်လို့ ဖော်ပြပါတယ်။ လူကုန်ကူးမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတွင်းဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရသူ သံအမတ်ကြီး Mark P.Lagon က ဗီအိုအေကို အခုလို ပြောပါတယ်။

မြန်မာနိုင်ငံဟာ အဆင့်သုံးဆင့်မှာ ရှိနေဆဲပါ။ ဒီအဆင့်မှာရှိတဲ့ နိုင်ငံတွေမှာဆိုရင် လူကုန်ကူးမှုပြဿနာဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအဖြစ်ရှိနေပါတယ်။ မြန်မာအစိုးရဟာ သူ့မှာ တာဝန်ရှိတဲ့အတိုင်း ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုမရှိတဲ့အပြင် ဒီအစိုးရရဲ့ နိုင်ငံရေးနှိပ်ကွပ်မှုတွေကြောင့် ပြည်သူတွေဟာ တိုင်းပြည်ပြင်ပကို ထွက်ပြေးကြရတာလည်း ဖြစ်နေပါတယ်။ ဒီကနေ ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးခံရတာတွေ ဖြစ်လာပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ အစိုးရအာဏာပိုင်တွေကနေ လူကုန်ကူးမှုတိုက်ဖျက်ရေးကော်မတီဆိုတာကို ဖွဲ့စည်းပြီးတော့ နယ်စပ်ဒေသတွေမှာ လက်တွေ့ဖြေရှင်းဆောင်ရွက်နေတယ်လို့ မကြာခဏ မြန်မာအစိုးရမီဒီယာတွေမှာ တွေ့နေရပါတယ်။ ဒီအခြေအနေကရော တိုးတက်မှုတခုအနေနဲ့ မြင်လို့မရဘူးလားလို့ သံအမတ်ကြီး Lagon ကို မေးကြည့်ပါတယ်။

အခုလို ဒီ လူကုန်ကူးမှုကို ကာကွယ်ဖို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေအကြား ကော်မတီတရပ်ဖွဲ့စည်းတာဟာ အရေးကြီးတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ဒါပေမယ့်လို့ လူကုန်ကူးမှု ကျူးလွန်သူတွေကို အရေးယူတာမျိုးတွေကတော့ မရှိသလောက်ပါပဲ။ သူတို့က ဒီပြဿနာကို တရားမ၀င် နိုင်ငံဖြတ်ကျော်မှုတွေလို ကိုင်တွယ်ဖြေရှင်းနေပါတယ်။ တကယ်တမ်း လူကုန်ကူးမှုတွေကို ကာကွယ်တာမရှိသလောက်ပါပဲ။ ဒါ့အပြင် လူကုန်ကူးခံရသူတွေကို ဥပဒေကြောင်းအရ အထောက်အကူပေးတာမျိုးတွေလည်း မရှိပါဘူး။

မကြာခင်က မြန်မာနိုင်ငံမှာ ဆိုက်ကလုံးမုန်တိုင်း တိုက်ခိုက်ပြီးတဲ့နောက် အဲဒီဒေသတွေမှာ လူကုန်ကူးမှုဖြစ်လာနိုင်တယ်ဆိုတယ်ဆိုတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ သံအတ်ကြီး Lagon က အခုလို ပြောခဲ့ပါတယ်။

ပီးခဲ့တဲ့ မေလ ဆိုက်ကလုံးမုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားပြီး မိသားစုနဲ့ ကွဲနေတဲ့ ကလေးငယ်တွေကို လူကုန်ကူးသူတွေက အသုံးချနေတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းတွေ ရရှိပါတယ်။ ကမ္ဘာပေါ်က ဒီလို ကပ်ဘေးကျရောက်သွားတဲ့နိုင်ငံတွေမှာ ဒီလို လူကုန်ကူးမှုတွေဖြစ်လာတတ်ပါတယ်။ ဒီကပ်ဘေးဒုက္ခသည်တွေဟာ လူကုန်ကူးခံရမယ့် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် မြန်မာအစိုးရကိုရော အဲဒီမှာ ကူညီလုပ်ဆောင်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ရော အခုလို ကလေးတွေ လူကုန်ကူးခံရတာတွေမဖြစ်ဖို့ လုပ်ဆောင်နိုင်သမျှ အားလုံး လုပ်ကိုင်ကြဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။

ဒါပေမယ့်လို့ အခုလို နိုင်ငံခြားရေးဌာနရဲ့ ဒီနှစ်စဉ် လူကုန်ကူးမှုအစီရင်ခံစာကြောင့် ကမ္ဘာ့အနှံလူကုန်ကူးမှုကိစ္စတွေကို နိုင်ငံတကာက အလေးပေးအာရုံပိုစိုက်လာကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ပြောခဲ့ပါတယ်။ လူကုန်ကူးမှုဟာ အခြားရာဇ၀တ်မှုတွေနဲ့ ဘက်ပေါင်းစုံခြိမ်းခြောက်မှုတွေကို ဖြစ်စေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ပြောခဲ့ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာအရပြောရရင် လူကုန်ကူးမှုဟာ အခြေအနေပေါင်းစုံ ဘက်ပေါင်းစုံမှာ ခြိမ်းခြောက်မှုဖြစ်နေပါတယ်။ ဒါဟာ လူ့အခွင့်အရေးနဲ့ လူသားဂုဏ်သိက္ခာကို ထိပါး စော်ကားတာဖြစ်ပါတယ်။ ဒီအတွက် တကမ္ဘာလုံးမှာ ကျန်းမာရေးအရ အန္တရာယ်ဆိုးတွေ တိုးများလာပါတယ်။ ဒါဟာ ရာဇ၀တ်မှုတွေ တိုးများလာစေဖို့ ငွေကြေးအရ အထောက်အပံ့ဖြစ်စေပါတယ်။ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေပါတယ်။

ဒါကြောင့်လည်း ဒီနှစ် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုအစီရင်ခံစာထဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖော်ပြချက်မှာတော့ နိုင်ငံတွင်း အတင်းအဓမ္မလုပ်အားပေးခိုင်စေတဲ့ကိစ္စ။ နောက် ပြည်ပကို တရားမ၀င်ထွက်ခွာပြီး အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရရဲ့ လက်တွေ့ကိုင်တွယ်ဖြေရှင်းပုံတွေဟာလည်း လူကုန်ကူးခံရသူတွေအတွက် အကာအကွယ်ပေးနိုင်မှု မရှိသလောက်လို့ပဲလို့ ဝေဖန်ထောက်ပြထားပါတယ်။
Mayzinhttp://www.blogger.com/profile/05494113235089419082noreply@blogger.com0tag:blogger.com,1999:blog-1780605756088045076.post-70888034171151713592008-05-27T15:32:00.000+06:302009-12-09T04:28:44.574+06:30Cyclone hit Burma and surroundings27, 05, 2008.

Cyclone hit Burma and surroundings - very graphic.. not for faint-hearted...

THIS IS VERY GRAPHIC.... BUT PEOPLE NEED TO SEE THIS TO TRULY UNDERSTAND THE FORCE OF NATURE.

Take this moment to:

Firstly reflect on the unfortunate loss of these lives,
Secondly, count your blessings that you have not experienced such a tragedy
Lastly, continue to pray that you and your loved ones never experience such an event

DISCLAIMER

The information transmitted is intended only for the use of the addressee named herein
and may contain legally privileged and confidential information. It is not intended to
serve as a contractual commitment or confirmation of any contractual transaction.
Opinions, conclusions and other information in this information that do not relate
to the official business of the Nam Fatt Group shall be understood as neither given
nor endorsed by Nam Fatt Group. If you are not the intended recipient of or
the
addressee indicated in this information (or responsible for delivery of this
information to such person ), you are hereby notified that any dissemination,
distribution, printing or copying of this information or any part thereof is strictly
prohibited. If you have received this information in error, please immediately notify
us by return of email via support@namfatt.com

While we have taken steps to control the spread of viruses on our systems, we cannot
guarantee that this file is virus-free. We do not accept any liability for any errors,
omissions, interceptions, corrupted mail, lost communications or late delivery arising
as a result of receiving this message via the internet or for any
virus that may be
contained in it.
DISCLAIMER

The information transmitted is intended only for the use of the addressee named herein
and may contain legally privileged and confidential information. It is not intended to
serve as a contractual commitment or confirmation of any contractual transaction.
Opinions, conclusions and other information in this information that do not relate
to the official business of the Nam Fatt Group shall be understood as neither given
nor endorsed by Nam Fatt Group. If you are not the intended recipient of or the
addressee indicated in this information (or responsible for delivery of this
information to such person ), you are hereby notified that any dissemination,
distribution, printing or copying of this information or any part thereof is strictly
prohibited. If you have received this information in error, please immediately notify
us by return of email via support@namfatt.com

While we have taken steps to control the spread of viruses on our systems, we cannot
guarantee that this file is virus-free. We do not accept any liability for any errors,
omissions, interceptions, corrupted mail, lost communications or late delivery arising
as a result of receiving this message via the internet or for any virus that may be
contained in it.
Mayzinhttp://www.blogger.com/profile/05494113235089419082noreply@blogger.com0tag:blogger.com,1999:blog-1780605756088045076.post-75063166406667826882008-05-23T13:54:00.000+06:302009-12-09T04:28:46.051+06:30ကြားဖြတ်သတင်း23, 05, 2008
နေပြည်တော်တွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ကုလအတွင်းရေးမှူး ချုပ် တွေ့ဆုံဆွေးနွေးပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားအားလုံးကို နိုင်ငံတွင်းသို့ ၀င်ရောက်ခွင့်ပြုရန် သဘောတူကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကြေညာ
(ဘီဘီစီ-ကြားဖြတ်သတင်း)Mayzinhttp://www.blogger.com/profile/05494113235089419082noreply@blogger.com0tag:blogger.com,1999:blog-1780605756088045076.post-85726546213893417182008-05-19T14:13:00.000+06:302009-12-09T04:28:46.106+06:30CNN သတင်းထောက် တစ်ဦး၏ မြန်မာပြည်တွင်း စွန့်စားမှု19 05 2008

Dan Rivers ဟာ CNN သတင်းထောက်ပါ။ သူဟာမုန်တိုင်းဒဏ်ခံလိုက်ရတဲ့ မြန်မာပြည် အထဲကို စစ်အစိုးရ မသိအောင် ခိုးဝင်ပြီးတော့စွန့် စွန့် စားစား သတင်း ၀င်ယူတဲ့ အကြောင်းပါ။

<object width="425" height="355"><param name="movie" value="http://www.youtube.com/v/ByUfltgvxHk&hl=en"></param><param name="wmode" value="transparent"></param><embed src="http://www.youtube.com/v/ByUfltgvxHk&hl=en" type="application/x-shockwave-flash" wmode="transparent" width="425" height="355"></embed></object>
" မြန်မာ အစိုးရရဲ့ ဇွတ်တရွတ်နိုင်ပုံကတော့ စံတင်လောက်တယ်။ ဒီလောက် ကြီးမားတဲ့ သဘာဝဘေး အန္တရာယ် ကြုံထားတာတောင် သတင်းထောက် တစ်ယောက်ကို လိုက်ရှာဖို့ အချိန်တွေ စွမ်းအားတွေ သုံးနိုင်သေးတယ်။ ကျွန်တော်ကို ရှာဖို့ လူအင်အား ပိုသုံးလေလေ၊ ဒုက္ခရောက်နေတဲ့ သူတွေကို ကယ်တင်ဖို့ အားမစိုက်နိုင်လေလေပါပဲ။ ကျွန်တော်ကတော့ ကျွန်တော့် အလုပ် ကျွန်တော် လုပ်ခဲ့ပြီ။ လူတွေကို ဘာတွေ ဖြစ်နေသလဲ ဆိုတာ ပြောပြနိုင်ခဲ့ပြီ။

လုံခြုံရေးအတွက် ရဲတွေ စစ်တဲ့ ဂိတ်စခန်းတွေ ရောက်ရင် ကားနောက်ခန်းမှာ စောင်ခြုံပြီး ပုန်းနေရတယ်။ လမ်းမပေါ်မှာ မသွားရဲလို့ လှေတွေ စီးနေရတယ်။ ကိုယ်ကိုတိုင်ရော၊ ကိုယ်နဲ့ အတူ ပါသူတွေရော ထောင်ကျရင် နှိပ်စက်ခံရနိုင်ပြီး အသက်ပင် သေနိုင်တာမို့ နောက်ကျော မလုံတာနဲ့ အမြဲတမ်း သမင်လည်ပြန် ကြည့်ကြည့်နေရတယ်။ လျှို့ဝှက် ထောက်လှမ်းရေး ရုပ်ရှင်လို့ ထင်စရာပဲ။ တကယ်တော့ CNN သတင်းထောက် Dan Rivers ဟာ မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ မြန်မာပြည် အထဲကို စစ်အစိုးရ မသိအောင် ခိုးဝင်ပြီးတော့ သတင်း ၀င်ယူတဲ့ အကြောင်းပါ။ လက်တွေ့မှာတော့ ငွေရောင် ပိတ်ကားပြင်ပေါ်မှာထက် ကြောက်စရာ ကောင်းပါတယ်။ မြန်မာပြည်ကနေ ပြန်ထွက်လာနိုင်တော့မှ Rivers က သူ ကြုံတွေ့ခဲ့တာကနေ မေးခွန်း ထုတ်စရာ ဖြစ်လာတယ်လို့ ပြောတယ်။ အစိုးရက ဒီလို ဘဘာဝ ဘေးသင့်တာကို သတင်းယူတာတောင် လိုက်ဖမ်းနေတယ် ဆိုတော့ အကူအညီအတွက် လုပ်အား ပေးနေသူတွေရော ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရနိုင်သလဲ တဲ့။

တတိုင်းပြည်လုံးက မျှော်လင့်ချက် မရှိတော့အောင် ပျက်သုဉ်းနေတယ်။ ဒီလောက်ကြီးမားတဲ့ ကပ်ဘေးနဲ့ ဘယ်သူ့ကိုမှ အ၀င်မခံတဲ့ အစိုးရ ပေါင်းလိုက်တော့ အင်မတန် ဆိုးရွားတဲ့ အနေအထားကို ရောက်သွားတယ်။ ဒုက္ခရောက်နေသူတွေကို အဲဒီလောက် ဆိုးဆိုးရွားရွား ဥပက္ခာပြု ဂရုမစိုက်တာဟာ တကယ်တော့ ရာဇ၀တ်မှုပါပဲ။

သူ့အဖွဲ့ဟာ အစိုးရရဲ့ အလုပ်သမားတွေက လူသေတွေ မြစ်ထဲ မျှောချနေတာတွေကို ဗီဒီယို မှတ်တမ်း တင်လိုက်နိုင်တယ်။ ဒီလို ဖုံးဖိထားရမယ့် ကိစ္စတွေ မလုပ်ရင် အစိုးရအနေနဲ့ ဘာမှ ဖွက်နေစရာ မလိုပါဘူးလို့ သူက ပြောတယ်။ ဘဇာကြောင့်များ ဒီလို သဘာဝဘေး ကပ်သင့်တာကို ဖုံးဖိချင်နေရတာလဲ။ သဘာဝ ဘေးအန္တရာယ်တွေက သူတို့ရဲ့ အပြစ်မှ မဟုတ်တာ။ ဒါဟာ အစိုးရရဲ့ စိတ်နေ သဘောထားကို ပြတာပဲ။ အပြင်က လူတွေကိုဆိုရင် အင်မတန် သံသယစိတ်ထားတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို နာဂစ်မုန်တိုင်း ၀င်မွှေလို့ ဧရိယာ စတုရန်းမိုင် ၂၀၀၀ လောက် ကျယ်တဲ့ မြေတွေကို ရေလွှမ်းမိုးကာ လူထောင်ပေါင်းများစွာ သေပြီး ရက်အနည်းငယ် အကြာမှာ Rivers ဟာ မြန်မာပြည်ကို ရောက်လာပါတယ်။ မြန်မာ အစိုးရကတော့ လူ ၂၂၀၀၀ ကျော် သေတယ်လို့ သတင်း ထုတ်ပြန်ပါတယ်။ မြန်မာပြည်ထဲက အမေရိကန် သံတမန် တွေကတော့ သေဆုံးသူ ဦးရေဟာ ၁သိန်းအထိ ရောက်သွားနိုင်တယ် ပြောပါတယ်။

Rivers အတွက်တော့ သဘာဝ ဘေးအန္တရယ်တွေနဲ့ နောက်ဆက်တွဲ သေကြေ ပျက်စီးရတာတွေကို စိမ်းတယ် မဟုတ်ပါဘူး။ ၂၀၀၄ တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံ Banda Aceh မှာ ဆူနာမီကြောင့် ပျက်စီးတာတွေကို သတင်းသွားယူ ထုတ်လွှင့်ခဲ့တာပါ။ ၂၀၀၅ အောက်တိုဘာမှာ ၇.၅ စကေးရှိတဲ့ မြေငလျင်လှုပ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်မှာ လူပေါင်း ၇၅၀၀ ကျော် သေကြေတုန်းကလည်း ပါကစ္စတန် မှာ ရှိနေပါတယ်။ “တုန်လှုပ် ခြောက်ခြားဖွယ် မြင်ကွင်းတွေ မျိုးစုံ ကျွန်တော် မြင်ဖူးပါတယ်။ မြန်မာပြည်က အခြေအနေကတော့ ၀မ်းနည်းဖွယ် ကောင်းတယ်။ အမှန်တကယ်ကို စိတ်မကောင်းစရာ အင်မတန်ကောင်းတဲ့ အဖြစ်အပျက်ပါ။ သတင်ရေးရတာတော့ ပိုသွက်လာတယ်။ ရင်ထဲကနေ ထွက်လာတာမို့လို့။” လို့ သူက ပြောပါတယ်။

မြန်မာပြည်က လမ်းပန်းဆက်သွယ်ရေးက အင်မတန်ကို စုတ်ချာပြီး ခက်ခဲ ပါတယ်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံလိုက်ရတဲ့ နေရာတွေကို လမ်းကြမ်းကနေ ၈ နာရီလောက် သွားရတယ်။ တချို့နေရာတွေမှာ ဆူနာမီဒဏ် ခံလိုက်ရတဲ့ Banda Aceh နဲ့တောင် ခပ်ဆင်ဆင်ရယ်။ အဲဒီမှာက အင်အား ၉ ရစ်ချက်တာ စကေး ရှိသော ငလျှင်လှုပ်သွားတဲ့ နေရာနဲ့ အနီးဆုံး ဖြစ်တဲ့ Banda Aceh မှာ အင်ဒိုနီးရှား စစ်တပ်တွေနဲ့ ခွဲထွက်ရေးသမားတွေ ပဋိပက္ခဖြစ် တိုက်ပွဲဆင်နေတာ ဆယ်စုနှစ် ၃ခုလောက် ကြာသွားပြီ ဆိုတော့လည်း လူစိမ်းဆိုရင် သင်္ကာမကင်း ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ကပ်ဆိုက်ပြီးတော့ သူတို့တွေက တံခါးဖွင့်ပေးလိုက်တယ်။ လုပ်ပိုင်ခွင့်တွေ ချွင်းချက် မရှိ ပေးထားတယ်။ ကြိုက်တဲ့သူ ၀င်နိုင်တယ်။ ထွက်နိုင်တယ်။ ဒီမှာလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ခပ်တုံးတုံးပဲ ယူဆထားလိုက်မိတယ်။ ဒုက္ခသည်တွေ အပျက်အစီးတွေနဲ့ အလုပ်ရှုပ်ပြီး ရဲတွေက ဘယ်သူ ဘယ်လို (ဗီဇာနဲ့) ၀င်လာတယ် ဆိုတာ အလေးထားနေမှာ မဟုတ်ဘူး ထင်ထားမိတယ် လို့ ဆိုလာပါတယ်။ မြန်မာပြည် ရောက်ပြီး ရက်အနည်းငယ် အကြာမှာပဲ သူ မှားသွားတယ် ဆိုတာ သိလိုက်ရပါတယ်။ Rivers နဲ့ သူ့အဖွဲ့သားတွေ ရောက်တာ တစ်ရက်ပဲ ရှိသေးတယ် အစိုးရက သူတို့ကို လိုက်ရှာနေတယ်လို့ ဒေသခံ အသိတစ်ယောက်က သတိပေးပါတယ်။ သက်ဆိုင်ရာက ဟိုတယ်တွေ အားလုံးကို ဘယ်သူတွေ လာတည်းသလည်းကို သတင်း ပို့ရမယ်လို့ အသိပေးထားတယ်တဲ့။

ဒါတောင်မှ သူက “ကျွန်တော်တို့ သတိရှိရှိ နေတယ်လို့ ယုံကြည်တယ်” တဲ့။ သူနဲ့ သူ့အဖွဲ့သားတွေ ဟိုတယ် တစ်ခုပြီး တစ်ခု ပြောင်းရွှေ့ နေတယ်။ ပြဿနာ တက်တော့မယ် ဆိုတာတော့ သူသိနေပါတယ်။ ပိုပြီး သေချာလာတာတော့ သူ့အဖွဲ့သားတွေ ခရီး စထွက်တော့ပါ။ အဖွဲ့သား တစ်ယောက်က တာဝန်ရှိသူတွေကို လမ်းတွေ ဖွင့်ထားသလား မေးလိုက်တယ်။ အဲဒီလူက ဖွင့်ထားပါတယ်။ သွားလို့ ရပါတယ်တဲ့။ ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေကတော့ စကားပြောချင်တယ် ဆိုလာပါတယ်။ လ၀က အရာရှိက သူ့အဖွဲ့သားတွေရဲ့ ပတ်စ်ပို့တွေနဲ့ CNN သတင်းလာနေတုန်း ရိုက်ယူထားတဲ့ သူရဲ့ ပုံနဲ့ တစ်ခုချင်း တိုက်စစ်ပါတော့တယ်။

“သူတို့ အထဲ ၀င်သွားတာ ၂နာရီလောက် ကြာတယ်။ ဘာတွေ ဖြစ်နေလဲတော့ မသိဘူး။ ” လို့ Rivers က ပြောတယ်။ သူ့အဖွဲ့သားတွေ ဖမ်းဆီးခံရပြီး ညှင်းပန်း နှိပ်စက်ခံရမှာ စိုးလို သူ့ကိုယ်သူ အဖမ်းခံလိုက်ဖို့ စဉ်းစားမိသေးတယ်။ “ကျွန်တော်လည်း ဘာလုပ်ရမယ်မှန်း မသိဘဲ လမ်းပေါ်မှာ လျှောက်သွားနေမိတယ် အပူချိန်ကလည်း ၄၀ ဒီကရီ ဆဲလ်စီးယက်စ်နဲ့ ပေါင်းအိုးထဲ ထည့်ပေါင်းထားတဲ့ အတိုင်းပါပဲ” တဲ့။ ဘယ်သူ့ကိုမှလည်း သူမသိ။ ဆက်သွယ် ပြောဆိုဖို့ကလည်း မလွယ် ဖြစ်နေပါတယ်။ သူဘယ်သူလဲ၊ ဘယ်ကလာသလဲ ပဲ မေးနေတယ်။ တစ်ယောက်ကဆို သူဟာ စီအိုင်အေကလား လို့လည်း မေးတယ်။ အခြေအနေကတော့ မလွယ်ဘူး။ “ကျွန်တော်ရုပ်က သံသယဖြစ်ဖွယ် သိပ်ကောင်းနေပြီ။”

ကံကောင်း ထောက်မစွာပဲ သူ့အဖွဲ့သားတွေကို CNN ကနေ သူနဲ့ အတူပါလာတာလို့ မသိလို့ လွတ်သွားပါတယ်။ သူ့ကိုယ်သူလည်း အဖမ်း မခံလိုက်ပါဘူး။ ရဲတွေဆီမှာ သူ့ဓါတ်ပုံ ရှိနေတယ်လို့ အဖွဲ့သားတွေက ပြောပြတော့ တခြား အာဏာပိုင် အဖွဲစည်းတွေမှာလည်း သူ့ဓါတ်ပုံ ရှိမှာပဲလို့ Rivers သိလိုက်တယ်။ တစ်နေရာမှာတော့ ကားနောက်ခန်းက စောင်ပုံအောက်မှာ ပုန်းပြီး လိုက်လာရတယ်။

သူတို့ အဖွဲ့ နောက်ကြောင်း ပြန်လှည့်ပြီး လမ်းမပေါ်က မသွားဘဲ တောလမ်း အတိုင်း သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကားကို ရပ်ထားလိုက်ပြီး လှေပေါ်တက်ကြတယ်။ မြစ်ကြောင်း အတိုင်း လှေနှစ်စင်းနဲ့ စုန်ဆင်းသွားကြတယ်။ ရွာလေး တစ်ရွာ ရောက်တော့ ဗီဒီယို နည်းနည်း ရိုက်လိုက်နိုင်တယ်။ အနားမှာ စက်တပ်လှေ ရှိတယ် ကြားလို့ သွားကြည့်ကြတယ်။ လမ်းလျှောက်သွားတုန်း ဝေါ်ကီတော်ကီတွေ ကိုင်ထားတဲ့ အဖွဲ့ တစ်ဖွဲ့က တားဆီးတယ်။ သူတို့ကို ကားစီကို ပြန်သွား ခိုင်းပြီး အဲဒီမှာ ရဲတွေ စောင့်နေမယ်လို့ ပြောတယ်။ “အူတုန် အသည်းတုန်လောက်အောက် ကြောက်ဖို့ ကောင်းတယ်ဗျာ။ ဘုရားရေ အကြီးအကျယ်တော့ မှားပြီ။” လို့ တွေးမိတယ်။ တောလမ်းအတိုင်း တစ်နာရီလောက် နောက်ကြောင်းပြန်လာတဲ့ ခရီးမှာ အမှန်တကယ်ကို သူ ကြောက်နေပါပြီ။

ပထမဆုံး တွေးမိတယ်။ ကျွန်တော်တော့ သေပြီလို့။ ကျွန်တော်တို့ ဘယ်မှန်း ညာမှန်း မသိတဲ့ နေရာမှာ ရောက်နေတယ်။ ဘယ်သူမှလည်း ကျွန်တော်တို့ ဘယ်မှာ ဆိုတာကို မသိကြဘူး။ သူတို့တွေက ကျွန်တော်တို့ကို ပစ်သတ် ရေထဲမျှောလိုက်ပြီး ကျွန်တော်တို့ မတော်တဆ သေဆုံးသွားတယ် ပြောလိုက်လို့ ရတယ်။ မိသားစု အကြောင်း၊ ကိုယ်သေသွားရင် သူတို့တွေ ဘယ်လို ဖြစ်မယ်ဆိုတာကို အတွေးဝင်လာတော့တယ်။

ကားနား ပြန်ရောက်တော့ သူမျှော်လင့်ထားသလို ရဲတွေ အုပ်လိုက်ကြီး မရှိဘဲ ရဲအရာရှိ နှစ်ယောက်ကိုသာ တွေ့လိုက့်ရတယ်။ သူတို့ ပတ်စပို့တွေ တောင်းကြည့်တယ်။ River က ပတ်စ်ပို့ကို ထုတ်ကိုင်ကာ သူ့ရဲ့ မိသားစုနာမည်ကို လက်မနဲ့ အုပ်ပြီး ပြလိုက်တယ်။ ရဲကလည်း Middle Name ကို နာမည် အပြည့်အစုံထင်ပြီး စကားပြောစက်နဲ့ လှမ်း အကြောင်းကြားတယ်။ `ကျွန်တော်တို့ကို သူတို့ ရှာနေတဲ့ သူတွေလို မထင်ဘဲ လွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့ အတွက်တော့ ကြက်ကန်း ဆန်အိုး တိုးတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ကို အတူ ခေါ်သွားပြီးတော့ ရာထူးပိုကြီးတဲ့ သူတစ်ယောက်နဲ့ တွေ့ရတယ်။ သူကလည်း ကျွန်တော်တို့ဟာ အကူအညီပေးတဲ့ အုပ်စုတွေကပဲ ထင်သွားပြီး လွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့လည်း တချိုးတည်း လစ်တော့တာပဲ။´ တညလုံး ကားမောင်းပြီး ရန်ကုန်ကို ပြန်လာပါတယ်။`အဲဒီ ၁၂ နာရီ ပတ်လုံးဟာ တကယ့်ကို ကြောက်စရာကောင်းတာပါ။ ခုနှစ်ရက် တစ်ပတ်လောက် ကြာတယ်တောင် ထင်ရတယ်။´

အိမ်ပြန်တာတောင် ချောချောမောမော မဟုတ်သေးဘူး။ လေဆိပ် လုံခြုံရေးတွေနဲ့ ဘာမှ ပြဿနာမတက်ဘဲ လေယာဉ်ပေါ် ရောက်ပြီး ထိုင်နိုင်တော့မှ ပဲ မြန်မာ အစိုးရနဲ့ နောက် မပက်သတ်တော့ဘူးလို့ တွေးမိတော့တယ်။ ဒါပေမယ် လေယာဉ်မယ်တစ်ယောက် ရောက်လာပြီး လ၀က အရာရှိက ထပ်တွေ့ချင်တယ် လာပြောသွားတယ်။ သူ့ကို ခြံရံပြီး ခေါ်သွားတယ်။ သူမှာ ရှိသမျှ အရာတွေ အားလုံးကို စစ်ဆေးတော့တာပဲ။ လက်ဆွဲအိတ်တွေကို ရှာဖွေတယ်။ အင်္ကျီအိတ်တွေ လှန်ပြခိုင်းတယ်။ ဖိနပ်တွေ ခြေအိတ်တွေပါ ချွတ်ခိုင်းပြီးတော့ ရှာတယ်။ သူတို့က ဓါတ်ပုံတို့၊ ဗီဒီယို တိပ်ခွေတို့ကို ရှာပုံရပေမယ့် တစ်ခုမှ မတွေ့ပါဘူး။ ကွန်ပြူတာ Flash Drive တစ်ခုတော့ တွေ့သွားတယ်။ ဖွင့်ကြည့်တော့ ဘာမှာ မတွေ့လို့ ပြန်ပေးလိုက်တယ်။ သူ့ ပတ်စ်ပို့ကို ယူကြည့်တယ်။ `ဒီတစ်ခါတော့ နာမည် အမှန်တွေ့သွားတယ်။´ လေယာဉ်မယ်က ပြန်ရောက်လာပြီး ပြောနေတယ်။ သူနားမလည်ပေမယ့် လေယာဉ်က ထပ်မစောင့်နိုင်တော့ဘူး သူ့ကို သွားခွင့် ပေးလိုက်မလား မေးနေပုံပဲ။ နောက်ဆုံးတော့ လွှတ်ပေးလိုက်ပါတယ်။ `ကျွန်တော်ဆီမှာလည်း ဘာမှ မတွေ့ဘူး။ သူတို့ နိုင်ငံက ထွက်သွားရင် ပြီးရော ပုံပါ။ တချိန်လုံးတော့ ကျွန်တော် တခွန်း တပါဒမျှ မပြောဘူး´ လို့ သူက ပြောပြပါတယ်။

၃၆ နာရီလုံးလုံး မအိပ်ရသေးလို့ ပင်ပန်းနေပြီးနောက် သူ့အိမ်ရောက်သွားမှ သူက ပြောနိုင်တော့တယ်။ ဒီလို အလိုရှိသည် ၀ရမ်းအထုတ်ခံရတဲ့ အဖြစ်အပျက်ဟာ အိပ်မက် ဆန်ဆန်ပါပဲတဲ့။ `ရွံဗွက်တောထဲမှာ ခိုးကြောင် ခိုးဝှက် သွားရတာ၊ လှေစီးရတာတွေဟာ ရုပ်ပြဆန်ဆန် ရယ်စရာ အမှတ်တရတွေပါ။ ကားနောက်က စောင်ပုံထဲမှာ ပုန်းနေရပြီး အထဲမှာ ချွေးတဒီးဒီ ကျနေတုန်း စဉ်းစားမိတယ် ဒီလို အခြေအနေမျိုးကို ဘယ်နှယ်ကြောင့်များ ကြုံရပါလိမ့်လို့´

မြန်မာ အစိုးရရဲ့ ဇွတ်တရွတ်နိုင်ပုံကတော့ စံတင်လောက်တယ်။ ဒီလောက် ကြီးမားတဲ့ သဘာဝဘေး အန္တရာယ် ကြုံထားတာတောင် သတင်းထောက် တစ်ယောက်ကို လိုက်ရှာဖို့ အချိန်တွေ စွမ်းအားတွေ သုံးနိုင်သေးတယ်။ ကျွန်တော်ကို ရှာဖို့ လူအင်အား ပိုသုံးလေလေ၊ ဒုက္ခရောက်နေတဲ့ သူတွေကို ကယ်တင်ဖို့ အားမစိုက်နိုင်လေလေပါပဲ။ ကျွန်တော်ကတော့ ကျွန်တော့် အလုပ် ကျွန်တော် လုပ်ခဲ့ပြီ။ လူတွေကို ဘာတွေ ဖြစ်နေသလဲ ဆိုတာ ပြောပြနိုင်ခဲ့ပြီ။

မြန်မာပြည် အစိုးရကို အင်မတန် ကြောက်သွားတယ် ဆိုတဲ့ CNN သတင်းထောက် Dan Rivers ဟာ တကယ်တော့ အီရတ်တွေ ဘာတွေ ရောက်ဖူးတဲ့ အတွေ့အကြုံရှိ သတင်းထောက် တစ်ဦးပါ။ သူ့အကြောင်းကို ဒီမှာ ဖတ်လို့လည်း ရပါသေးတယ်။
Mayzinhttp://www.blogger.com/profile/05494113235089419082noreply@blogger.com0tag:blogger.com,1999:blog-1780605756088045076.post-23241674244423701272008-05-16T16:19:00.000+06:302009-12-09T04:28:46.130+06:30Myanmar new constitution ratifiedA total of 20,786,596, or 92.4 percent of voters, who cast vote in an initial nationwide referendum held across Myanmar on May 10, voted in favor of the new constitution draft, an announcement of the commission was quoted as reporting.

YANGON, May 15 (Xinhua) -- Myanmar's new constitution has been ratified according to the result released by the Commission for Holding Nationwide Referendum, the state television reported Thursday.

A total of 20,786,596, or 92.4 percent of voters, who cast vote in an initial nationwide referendum held across Myanmar on May 10, voted in favor of the new constitution draft, an announcement of the commission was quoted as reporting.

Of the 22,708,434 eligible voters in 278 townships out of 325 in the whole country, 22,496,660 or 99.07 percent turned out to cast vote in the referendum.

The number of voters who voted against the constitution was 1,375,480, while canceled votes went to 334,584.

According to the draft constitution, the constitution draft can be ratified with the majority votes-in-favor out of the votes cast by over 50 percent of eligible voters.

Of the 278 townships covered in the initial phase of the referendum, five remote townships in Yangon division and 19 townships in the Ayeyawaddy division were included.

The remaining 40 townships in Yangon division and 7 townships in the Ayeyawaddy division remained put off to May 24 with ballot casting for the areas are under declared cyclone-hit-region status.

There is a total population of 57,504,368 in the whole of Myanmar with up-to-age population or eligible voters accounting for 27,369,957, according to official figures.

Of the country's population, Yangon represents 7 million, while Ayeyawaddy 6 million.

The 194-page 15-chapter 2008 Republic of Union of Myanmar Constitution was drafted by a 54-member State Constitution Drafting Commission in accordance with the detailed basic principles laid down by the National Convention
A total of 20,786,596, or 92.4 percent of voters, who cast vote in an initial nationwide referendum held across Myanmar on May 10, voted in favor of the new constitution draft, an announcement of the commission was quoted as reporting.

Of the 22,708,434 eligible voters in 278 townships out of 325 in the whole country, 22,496,660 or 99.07 percent turned out to cast vote in the referendum.

The number of voters who voted against the constitution was 1,375,480, while canceled votes went to 334,584.

According to the draft constitution, the constitution draft can be ratified with the majority votes-in-favor out of the votes cast by over 50 percent of eligible voters.

Of the 278 townships covered in the initial phase of the referendum, five remote townships in Yangon division and 19 townships in the Ayeyawaddy division were included.

The remaining 40 townships in Yangon division and 7 townships in the Ayeyawaddy division remained put off to May 24 with ballot casting for the areas are under declared cyclone-hit-region status.

There is a total population of 57,504,368 in the whole of Myanmar with up-to-age population or eligible voters accounting for 27,369,957, according to official figures.

Of the country's population, Yangon represents 7 million, while Ayeyawaddy 6 million.

The 194-page 15-chapter 2008 Republic of Union of Myanmar Constitution was drafted by a 54-member State Constitution Drafting Commission in accordance with the detailed basic principles laid down by the National Convention.

The referendum on the new constitution draft constitutes part of the military government's seven-step road map announced in 2003. The next step is to hold a multi-party democracy general election in 2010 to produce parliament representatives to hand over power to a democratically elected civil government.
The referendum on the new constitution draft constitutes part of the military government's seven-step road map announced in 2003. The next step is to hold a multi-party democracy general election in 2010 to produce parliament representatives to hand over power to a democratically elected civil government.

Mayzinhttp://www.blogger.com/profile/05494113235089419082noreply@blogger.com0tag:blogger.com,1999:blog-1780605756088045076.post-78845284049429264432008-05-14T18:14:00.000+06:302009-12-09T04:28:46.177+06:30နှိုဆော်ချက်Save Our People by Forced Humanitarian Intervention Immediately!!!

ကျွန်ုပ်တို့၏ နာဂစ်မုန်တိုင်းဘေးဒုက္ခသည် မြန်မာနိုင်ငံသားများကို အင်အားသုံး ၀င်ရောက်ကယ်တင်ရန် နိုင်ငံတကာ ကယ်ဆယ်ရေးတပ်များ အဆင့်သင့် ဖြစ်နေပါပြီ။

အင်အားသုံး ၀င်ရောက်ကယ်တင်ပေးရန် နိုင်ငံတကာရောက် မျိုးချစ်မြန်မာများ ယခုချက်ချင်း တက်ညီလက်ညီ အင်တိုက်အားတိုက် ဆန္ဒပြကြပါ။

Type the rest of your post here.
Mayzinhttp://www.blogger.com/profile/05494113235089419082noreply@blogger.com0tag:blogger.com,1999:blog-1780605756088045076.post-43810365240082695162008-05-14T12:04:00.000+06:302009-12-09T04:28:46.201+06:30မုန်တိုင်းဘေး ကယ်ဆယ်ရေး ဥရောပသမဂ္ဂ နည်းမျိုးစုံ ကူညီဖို့ ဆွေးနွေးမြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံစားရတဲ့ ဒုက္ခသည်တွေကို ကူညီ ကယ်ဆယ်နိုင်ဖို့အတွက် နိုင်ငံတကာကနေ အကူအညီတွေကို ခွင့်ပြုပေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို အီးယူ ဥရောပ သမဂ္ဂအဖွဲ့ဝင်တွေက တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကူညီဖို့ အီးယူအနေနဲ့ နည်းမျိုးစုံကို သုံးပြီး ကူညီရမယ်လို့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲကလည်း ပြောဆိုပါတယ်။

အီးယူရဲ့ ကူညီ ကယ်ဆယ်ရေး ဆိုင်ရာ မဟာမင်းကြီးကလည်း မြန်မာနိုင်ငံဆီကို သွားနေပြီ ဖြစ်ပါတယ်။ အခုလို ဒုက္ခသည်တွေဆီကို ကူညီရေးအတွက် အီးယူရဲ့ ကြိုးပမ်းမှုတွေအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေအတွက် ဘယ်လိုထိရောက်တဲ့ အကူအညီတွေ ပေးသင့်သလဲ ဆိုတာကို အင်္ဂါနေ့တုန်းက အီးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ၀န်ကြီးတွေဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရာဇဲလ် မြို့တော်မှာ အရေးပေါ် ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံထားရတဲ့ နေရာတွေမှာ လူသားချင်းဆိုင်ရာ အကူအညီတွေ ဘယ်လောက် လိုအပ်နေတယ် ဆိုတာကို သုံးသပ်ဆွေးနွေးခဲ့ကြပြီးတော့ နိုင်ငံတကာရဲ့ လူသားချင်း ကူညီ စောင့်ရှောက်မှုဆိုင်ရာ အကူအညီတွေကို ဒုက္ခသည်တွေဆီ အရောက်ပို့နိုင်ဖို့ ဘယ်လို အကောင်းဆုံး နည်းလမ်းတွေသုံးပြီး ပူးပေါင်းဆောင်ရွက် သွားကြမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံထားရတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ နိုင်ငံတကာက အကူအညီပေးမယ့် သူတွေကို ခွင့်မပြုရင် မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ လူသားတို့အပေါ် ကျူးလွန်တဲ့ ပြစ်မှုတစ်ခု အဖြစ်ကို ရောက်သွားနိုင်တယ်လို့ အီးယူက ပြောပါတယ်။ မြန်မာပြည်ထဲမှာ အကူအညီ အလွန်အမင်း လိုအပ်နေတဲ့သူတွေ အများအပြား ရှိနေပြီးတော့ သူတို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းမှန်သမျှကို သုံးပြီး ကူညီသွားမယ်လို့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ဟာဗီယာ ဆိုလားနား ကလည်း ပြောကြားခဲ့ပါတယ်။

အီးယူရဲ့ ကူညီကယ်ဆယ်ရေးဆိုင်ရာ မဟာမင်းကြီး လူးဝစ် မီခဲလ် ကတော့ မြန်မာနိုင်ငံကို ပြည်ဝင် ခွင့်ရခဲ့လို့ အရေးပေါ် အစည်းအဝေး အပြီးမှာပဲ မြန်မာနိုင်ငံဆီကို သွားနေပြီ ဖြစ်ပါတယ်။ သူဟာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့နေရာမှာ နိုင်ငံတကာက ကျွမ်းကျင်သူတွေရဲ့ ကူညီထောက်ပံ့မှုကို ဒုက္ခရောက်နေတဲ့သူတွေ ရရှိနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတွေကို မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးလိမ့်မယ်လို့ အီးယူက ထုတ်ပြန်တဲ့ သတင်းကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ဒုက္ခရောက်နေကြတဲ့သူတွေရဲ့ အသက်ကို ကယ်ဆယ်နိုင်ဖို့ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာက အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေကို လက်ခံသင့်တယ်လို့ မဟာမင်းကြီးက ပြောပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ လူသားချင်းစာနာမှု သက်သက်အတွက် ဖြစ်ပြီး နိုင်ငံရေးနဲ့ လုံးဝ မပတ်သက်ပါဘူး။ နိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ ကလည်း မြန်မာပြည်ကို အကူအညီ ပေးချင်တာထက် တခြားဘာမှ မပိုပါဘူးလို့ အရေးပေါ် အစည်းအဝေးအပြီးမှာ မစ္စတာ မီခဲလ် ကပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေအနေနဲ့ ဘက်မလိုက် ကယ်ဆယ်ရေး အလုပ်တွေကိုသာ လုပ်ကြမှာဖြစ်လို့ သူတို့ကို ပြည်ဝင်ခွင့်ဗီဇာ ပေးသင့်ကြောင်း၊ ဥရောပ ကော်မရှင်အနေနဲ့ ထောက်ပံ့ကြေးတွေ ထပ်ပြီးပေးဖို့ အသင့်ရှိနေ ပေမယ့်လည်း ကျွမ်းကျင်သူတွေမပါဘဲ ဒီထောက်ပံ့ငွေတွေဟာ အသုံးကြမှာမဟုတ်ကြောင်းကို အီးယူ ကူညီကယ်ဆယ်ရေးဆိုင်ရာ မဟာမင်းကြီး လူးဝစ် မီခဲလ် က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် ဥရောပကော်မရှင်က ယူရို ၂ သန်း ပေးခဲ့ပြီးပါပြီ။ ဒီငွေတွေကို ဘယ်လိုသုံးနေသလဲဆိုတာကိုတော့ ရန်ကုန်မြို့က ဥရောပ ကော်မရှင်ရုံး ပြောခွင့်ရသူ ဟန်းကာ အက်ဗိုက် က အခုလို ရှင်းပြပါတယ်။

“မုန်တိုင်းဒုက္ခသည်တွေအတွက် ဥရောပ ကော်မရှင်က ယူရိုငွေ ၂ သန်း ကူညီခဲ့ပါတယ်။ ဒီအလှူငွေတွေကို ကမ္ဘာ့ကြက်ခြေနီနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပေးခဲ့ပြီး သူတို့ကနေတဆင့် ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဖြူးပေးနေပါတယ်။ အဓိကကတော့ ပလက်စတစ် အမိုးအကာ၊ သောက်ရေသန့် တို့လို ဒုက္ခသည်တွေ တကယ်လိုအပ်နေတဲ့ ပစ္စည်းတွေကို ပေးဝေနေတာပါ။”

မြန်မာနိုင်ငံဆိုင်ရာ ဥရောပကော်မရှင်ရုံးက မစ္စ ဟန်းကာ အက်ဗိုက် ပြောခဲ့တာပါ။ ဗြိတိန်အစိုးရရဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ပထမဆုံးအသုတ် လေယာဉ်ဟာလည်း ဒူဘိုင်း မြို့ကနေ ရန်ကုန်မြို့ဆီကို မနေ့ညတုန်းကပဲ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ မုန်တိုင်းဒုက္ခသည် မိသားစုပေါင်း ၉,၀၀၀ ကျော်လောက်အတွက် လုံလောက်နိုင်မယ့် ပလက်စတစ်အမိုးအကာတွေ တင်ဆောင်သွားတဲ့ လေယာဉ်ဟာ ရန်ကုန်မြို့ဆီကို သွားနေပြီလို့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဗြိတိသျှဝန်ကြီး ဒေါက်ကလက်စ် အလက်ဇန်းဒါးက အတည်ပြု ပြောခဲ့ပါတယ်။ ကယ်ဆယ်ရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ နောက်ထပ် လေယာဉ် ၄ စင်းဟာလည်း ရန်ကုန်မြို့ကို သွားနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲကို ကယ်ဆယ်ရေးဆိုင်ရာ အကူအညီတွေရောက်အောင် ဘယ်လို အကောင်းဆုံး လုပ်ပေးသင့်သလဲဆိုတဲ့အပေါ်မှာ ဒေသတွင်းမှာရော၊ နိုင်ငံတကာမှာပါ သဘောတူညီမှု ရနိုင်ဖို့ ဗြိတိန်က သံတမန်နည်းနဲ့ အစွမ်းကုန် ကြိုးစားနေတယ်လို့ မစ္စတာ အလက်ဇန်းဒါးက ပြောပါတယ်။
Mayzinhttp://www.blogger.com/profile/05494113235089419082noreply@blogger.com0