.

တုတ်ကောက်နဲ့ လမ်းလျှောက်နေသူများ

၁၃၇၀ ပြည့်နှစ်။တပေါင်းလဆန်း (၀၄) ရက်။ သောကြာနေ့။

ခံစားဖို့
တချို့လူများက
မီးရထားနဲ့လာကြ။

ပေးဆပ်ဖို့
တချို့ လူများက
တုတ်ကောက်နဲ့ခြေလျင်လာကြ။

ခရီးသွား
အစီအစဉ်ဇယား
ပြဌာန်းပြီးသား
စိတ်မရှည်တဲ့ လူများက
မီးရထားပေါ် က
ခုန်ချ...။



သူတို့ဟာ
ခြေလျင်သွားကြသူများကို
အားမနာ
ဘာမှ မတက်နိုင်ဘူးလေ။

အချိန်ထဲက နေရာ
လူက ဖွေရှာ
လူထဲက နေရာကိုတော့
အနှစ်သာရနဲ့
ဖြစ်လာတဲ့ဘ၀က လုယက်
သူ့ထက် ငါလွန်ဆွဲ။

တစ်ယောက်ထဲ လာပြီး
နှလုံးရောဂါ တုန်ကောက်နဲ့
လာလမ်းကို ပြန်လျှောက်တဲ့
"ဆာခါရော့ဗ်" ရဲ့ ဘဝ
ဂေါ်ဂီ မြို့လေးက
သတိရစရာ မှတ်တိုင်အဖြစ်
အတိတ်နှင်းခဲ ပျော်ကျန်ရစ်ပြီ။

နှစ်တွေလည်း ဒီလိုနဲ့ သံချေးတက်သွား
စက္ကူများကို
ပိုးဟပ်စားသလိုပ
ငါ့ အသက်အားဖဲ့ဝါးနေကြ

(ဆာခါရော့ဗ်= ဆိုဗီယက်နိုင်ငံသား ၁၉၇၅ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်)

မောင်သစ်ကြည် ( ၁၉၉၀ နိုဝင်ဘာ ဟန်သစ် မဂ္ဂဇင်း)

http://komoethee.blogspot.com/ မှကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

    Today's Quote
    Think where man's glory most begins and ends, and say my glory was I had such friends.
    William Butler Yeats