.

ပညာမဲ့သူ တိုင်းပြည်ကိုချစ်ရင် ဒုက္ခရောက်ပြီသာမှတ်

၁၃၇၀ ပြည့်နှစ်။ တပိုတွဲလပြည့်ကျော် (၁၃) ရက်။ တနင်္ဂနွေနေ့။

(ရန်ကုန်မြို့မှစာရေးဆရာကြီးဦးအောင်သင်းသည်ယခုအသက်(၈၂)နှစ်ရှိပြီဖြစ်သည်။ ဆရာအောင်သင်းသည်လူငယ်များတိုးတက်ရေးအတွက်အစဉ်တစိုက်ရေးသားဟောပြောခဲ့သူဖြစ်သည်။ ဘ၀မှာ လူငယ်တွေအတွက် လုပ်ပေးနိုင်သမျှ လုပ်ပေးသွားသည့် ကိစ္စမှလွဲ၍ အခြားမရှိတော့ပြီဟု ဆရာက ခေတ်ပြိုင်သို့ပြောသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ လူငယ်တွေအတွက် လူကြီးတွေက ကိုယ့်ဘ၀ကိုစတေးရမှာနှမြောနေကြသည့်အတွက်အတော်စိတ်မကောင်းစရာဖြစ်သည်ဟုဆရာ အောင်သင်းက ယူဆသည်။

နိုင်ငံရပ်ခြားမှလူငယ်များ၊ပြည်တွင်းမှလူငယ်များတိုးတက်အောင်မြင်ရေးနှင့်ပတ်သက်ပြီးစာရေးဆရာ ကြီးဦးအောင်သင်းနှင့်ခေတ်ပြိုင်အယ်ဒီတာချုပ်ဦးစိန်ကျော်လှိုင်တို့တယ်လီဖုန်းမှတဆင့်တွေ့ဆုံဆွေး နွေးခဲ့သည်။လူငယ်တွေဘာလုပ်ရမလဲ၊ထွက်ပေါက်ရှာရမလားဖောက်ထွက်ရမလား၊အခက်အခဲကြားက ရုန်းထွက်နည်း၊ အင်္ဂလိပ်စာ ဘယ်လိုသင် မလဲ၊ မျိုးချစ်စိတ်ဓါတ် စသည်တို့ကို ဆွေးနွေးခဲ့သည်။
အောက်ဖော်ပြပါနိုင်ငံရပ်ခြားမြန်မာလူငယ်များအတွက်ဆရာအောင်သင်းအကြံပေးချက်မှာတွေ့ဆုံမေး မြန်းခန်းမှ ကောက်နှုတ်ချက်ဖြစ်သည်။ အပြည့်အစုံကို အသံဖိုင်ဖြင့် နားဆင်နိုင်သည်။)
နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်
၁။ ငါမုချကြီးပွားအောင်မြင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်ထားပါ
လူငယ်တယောက်ဟာအရေးကြီးဆုံးအချက်ကငါဟာမုချကြီးပွားအောင်မြင်နေရမယ်ဆိုတဲ့အဓိဋ္ဌာန်ခိုင်ခိုင်မာမာချဖို့အရေးကြီးတယ်။များသောအားဖြင့်လူငယ်တွေဟာအမှတ်မထင်အမှတ်မထင်လေးတွေနေကြတယ်။အဲဒီလိုခိုင်ခိုင်မာမာကိုယ့်ကိုယ်ကိုပြန်ပြီးတော့ဆုံးဖြတ်ချက်အဓိဋ္ဌာန်ပြုခဲ့သလား။ ဝေေ၀၀ါးဝါးလေးပေါ့ အမှတ်မထင် ပဲရှိတတ်တယ်။ ခိုင်မာရမယ်ဆိုတာ။ ဘုရားရှေ့မှာ အာရုဏ်ပြုသလို အဓိဋ္ဌာန်ပြုလိုက်သလို၊သစ္စာဆိုလိုက်သလိုအဲလိုကိုအဓိဋ္ဌာန်ပြုရတယ်။အဲဒါဟာအလွန်ကိုအရေးကြီးပါတယ်။ အဲဒီအဓိဋ္ဌာန်ချက် ခိုင်မာသွားလို့ရှိရင် ကျန်တဲ့ဥစ္စာတွေဟာ သူ့ကိုယ်သူထိန်းသွားလို့ရှိတယ်။ ဘယ်သူမဆိုအဲဒီလိုဖြစ်လေ့ဖြစ်ထရှိပါတယ်။ဒါကြောင့်အဲဒီဟာကအရေးကြီးတယ်လို့ကျနော်ပြောဆို ခြင်းဖြစ်ပါတယ်။ အဲဒါ နံပါတ် (၁) အချက်ပေါ့ နော်။
၂။ ကျန်းမာရေးကို ကိုးကွယ်ပါ
နံပါတ်(၂)အချက်ကတော့အဲအောင်မြင်ချင်လို့ရှိရင်ကျန်းမာရေးကိုကိုးကွယ်ရတယ်။ကိုးကွယ်ရတယ်ဆိုတဲ့စကားလုံးကိုကျနော်တကယ်ပြောတာပါ။ကိုယ့်ကျန်းမာရေးကိုဘယ်လောက်အရေးကြီးတယ်ဆိုတာကလူငယ်တွေဟာအမှတ်မထင်နေတတ်ကြတယ်။မကျန်းမာရင်ဘာမှမဖြစ်နိုင်တော့ဘူး၊သူများကိုမှီခို နေရတဲ့ဘ၀ကို ရောက်သွားတတ်တယ်ဆိုတာကို မေ့နေကြတယ်။
ကိုယ်ကကျန်းမာနေတဲ့အခါမှာကျန်းမာရေးရဲ့တန်ဖိုးကိုမေ့နေတတ်တယ်။အဲဒီတော့ဘုရားရှင်ကမေတ္တာပို့တာတောင်မှမိမိကိုယ်ကိုမိမိပထမဆုံးမေတ္တာပို့ပါလို့ပြောခဲ့တာ။ဘာကြောင့်လဲလို့ဆိုတော့ကိုယ့်ကိုယ်ကိုကျန်းမာမှတခြားသူကိုဒုက္ခမပေးမိမှာပေါ့။အဲဒီတော့ကျန်းမာရေးကိုဂရုစိုက်တယ်ဆိုတဲ့ကိစ္စမှာအဲဒါဟာမေ့မေ့လျော့လျော့ဖြစ်တဲ့အခါကျတော့ကျန်းမာရေးနဲ့ဆန့်ကျင်ဘက်ဥပမာမူးယစ်ဆေးဝါးသုံးတာ တွေ၊အရက်သေစာအများကြီးသောက်တာတွေ၊သို့မဟုတ်လို့ရှိရင်အ၀လွန်လွန်းတဲ့အဆီအအိမ့်တမက်တမောစားတာတွေ အဲဒီဥစ္စာတွေ အကုန်လုံးကို ထိန်းချုပ်သွားရတာ။
အဲဒီဘာကိုပဲစားသည်ဖြစ်စေ၊လုပ်သည်ဖြစ်စေ၊အိပ်သည်ဖြစ်စေ၊နေသည်ဖြစ်စေကျန်းမာရေးကိုမထိ ခိုက်ရအောင်လူတွေသိပ်ကိုအရေးကြီးတယ်။မကျန်းမာတာနဲ့တပြိုင်နက်တည်းကိုယ်သည်မှီခိုသောလူဘ၀ကိုရောက်သွားတတ်တယ်ဆိုတာကိုမေ့နေတတ်တယ်။အင်မတန်အရေးကြီးပါတယ်ကိုစိန်ကျော်လှိုင် အဲဒါလေးကို သေသေချာချာ အလေးနက် ကလေး ထည့်ပေးစေချင်ပါတယ် နော်။
၃။ စိတ်ဝင်စားတဲ့လုပ်ငန်း ရွေးချယ်ပါ
နောက်တခါနံပါတ်(၃)အချက်ကကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းကိုရွေးချယ်ရတယ်။ဥပမာလျှပ်စစ်ဘက် မှာ စိတ်ထက်သန်လား၊ ဆောက်လုပ်ရေးဘက်မှာ စိတ်ထက်သန်လား သို့မဟုတ် ကွန်ပျူတာမှာလား၊ စာရေးတာမှာ စိတ်ထက်သန်တာလား အစရှိတာတို့ပေါ့နော်။ တကယ့်ကို အသက်မွေးဝမ်းကျောင်းကို ပေးနိုင်မယ့်လုပ်ငန်းတခုကိုကိုယ်ချင့်ချင့်ချိန်ချိန်ရွေးချယ်ရပါမယ်။ကိုယ့်ဝါသနာပါတဲ့ဥစ္စာဟော်ဘီသ ဘောမျိုးပေါ့။အပိုဝါသနာပါတဲ့ကိစ္စမျိုးကတော့ပန်းချီရေးသည်ဘာရေးသည်ဖြစ်စေအသက်မွေးဝမ်း ကျောင်းမျိုး မဟုတ်ဘဲ နဲ့ လုပ်ချင်တာလုပ်ပေါ့။
ဒါပေမယ့်လက်ငင်းအရေးကြီးတဲ့ဥစ္စာကတော့အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လုပ် ငန်းကို စိတ်ဝင်စားလဲ ဆိုတာ ပထမဆုံး ရွေးချယ်ဖို့ လိုပါတယ်။ အဲဒီရွေးချယ်တဲ့ ဥစ္စာဟာ ကိုယ့်စိတ်နဲ့ ပတ်ဝန်းကျင်နဲ့ရှိတဲ့အထဲမှာမှကိုယ်ရွေးလို့ ရနိုင်တဲ့ လုပ်ငန်းတွေထဲမှာ ဘယ်ဟာကို ရွေးနိုင်မလဲဆိုတာ၊ အဲဒါကို ချင့်ချိန်ရွေးချယ်ပြီးတော့ အဲဒီဥစ္စာကို နေ့နေ့ညည လေ့လာရတယ်။
၎။ ရွေးချယ်တဲ့ပညာကို နေ့နေ့ညည ကြံဆပါ
ဆက်ပြီးတော့ပြောချင်တာကနံပါတ်(၄)အချက်ကအဲဒီရွေးချယ်လိုက်တဲ့ပညာရပ်ကိုသို့မဟုတ်အဲလုပ် ငန်းကိုလေ့လာတာအဲဒါကိုနေ့နေ့ညညစိတ်ထဲမှာတွေးပြီးတော့ကြံဆနေရပါတယ်။အဲကြံဆမနေလို့ရှိ ရင်အဲဒီဥစ္စာဘယ်တော့မှမအောင်မြင်နိုင်ဘူး။အဲဒီလိုကြံဆရင်းကနေဘာဖြစ်လာသလဲဆိုတော့တခါတရံမှာဖြစ်သွားတတ်တာကပထမရွေးချယ်ထားတဲ့လုပ်ငန်းထက်ပိုပြီးကောင်းတဲ့လုပ်ငန်း၊ကိုယ်နဲ့ပိုသင့် တော်တဲ့လုပ်ငန်းတွေ့သွားတတ်တယ်။ဒါမှမဟုတ်လို့်ရင်ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းမှာ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်လာတတ်ပါတယ်။အဲဒါကျနော်ပြောတာနေ့နေ့ညညကြံဆပါလို့ကျနော်ပြောချင်ပါတယ်။
၅။ မိတ်ဆွေအပေါင်းအသင်းထံ တပည့်ခံဖို့ ၀န်မလေးနဲ့
နောက်နံပါတ်(၅)အချက်ကအဲဒီဟာနဲ့ပတ်သက်ပြီးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့သိကျွမ်းတဲ့သူ၊မိတ်ဆွေအပေါင်းအသင်းအဲဒီကနေဆရာတင်ဖို့ကိုယ်ကတပည့်ခံဖို့ ၀န်မလေးပါနဲ့။ နောက်ပြီးတော့ ဆိုလိုတာက မေးဖို့ဝန်မလေးနဲ့၊ငါ့အဲဒါလေးသင်ပေးစမ်းပါကွာဆိုတာမျိုးပြောတာလိုမျိုး။ကျနော့်ကိုအဲဒါလေးသင်ပေးပါခင်ဗျာလို့အဲဒီလိုပြောတာမျိုး။အဲဒီလိုလုပ်ဖော်ကိုင်ဖက်အချင်းချင်းကဖြစ်စေတပည့်ခံဖို့ဝန်မလေးရဘူး။ တချို့က ဆရာတင်ဖို့ တပည့်ခံဖို့ အင်မတန် ၀န်လေးတတ်ကြတယ်။
ကျနော်ကိုယ်တိုင်ပြောရမယ်ဆိုလို့ရှိရင်ကျနော်တချို့အပိုင်းတွေမှာကိုကျနော်တပည့်တွေဆီကနေပြန် ပြီးသင်ယူနေတာပဲ။တပည့်တွေကကိုယ့်ဆရာဖြစ်တဲ့အခါကျတော့လိုလိုချင်ချင်သင်ပေးကြတယ်။ ကျနော်အဲဒီနည်းအားဖြင့်ကျနော်ပညာတွေအများကြီးရခဲ့တယ်။ကိုယ့်တပည့်ဆီမှာပြန်ပြီးကျနော် တပည့်ခံခဲ့တာပါ။
အဲဒီတော့ကိုယ့်တပည့်ဆီတောင်မှတပည့်ခံရတယ်ဆိုလို့ရှိရင်ကိုယ့်မိတ်ဆွေ၊အပေါင်းအသင်းဆီဘာဖြစ်လို့တပည့်မခံနိုင်ရမှာလည်း။ဒါပေမယ့်အဲတခုရှိတယ်တပည့်ခံပြီးသင်လို့ရတဲ့အခါမှာကိုယ်ကနှုတ် ဆိတ်ပြီးတော့မနေပါနဲ့။သူ့ကိုကျေးဇူးတင်ကြောင်းကိုလှိုက်လှိုက်လှဲလှဲပြောဖို့လိုတယ်။နောက်ပြီးကျေးဇူးတင်ကြောင်းကိုလည်း ပြဖို့လိုပါတယ်။ ဥပမာဆိုပါတော့ သူ့ကိုကျေးဇူးတင်ကြောင်းလေး တကယ်လို့ ရပ်ဝေးမှာနေတယ်ဆိုလို့ရှိရင်ကျေးဇူးတင်ကြောင်းလေးစာနဲ့တကြောင်းလေးဖြစ်စေ၊မင်းပေးလိုက်တဲ့ ကျေးဇူးလေးရတယ်ကွာငါအခုထက်ထိကျေးဇူးမမေ့နိုင်သေးဘူးဆိုတာမျိုးလေးစာလေးတကြောင်း လောက်နဲ့ ဖြစ်စေ၊ ဒါမှမဟုတ် ကဒ်လေးတခုလောက် ပို့ပြီးဖြစ်စေ ၀န်မလေးပါနဲ့။ တကယ်လို့ကြုံလို့ ဖြစ်စေသူ့ကိုလက်ဖက်ရည်တခွက်တိုက်တာဖြစ်စေ၊ထမင်းတနပ်ကျွေးတာဖြစ်စေ၀န်မလေးပါနဲ့။အဲဒီ ဥစ္စာတသက်တာလုံးကိုယ့်အတွက်ကိုသင်ပြမယ့်သူတွေပေါ်လိမ့်မယ်၊လမ်းညွှန်မယ့်သူတွေပေါ်လိမ့်မယ်၊ အဲဒီလိုဟာမျိုး အဲဒါမျိုးဝန်မလေးပါနဲ့။
နောက်တခုက အဲလိုနည်းအားဖြင့် အပေါင်းအသင်း သိပ်ဖွံ့ဖြိုးလာလိမ့်မယ်၊ အဲဒီ အပေါင်း အသင်းက ကိုယ့်ဘ၀တိုးတက်မှုအတွက်အမြဲစောင့်ရှောက်မယ့်သူတွေဖြစ်လာလိမ့်မယ်လို့ကျနော်အကြံဥာဏ်ပေးချင်ပါတယ်။အဲဒါရပ်ဝေးမှာနေတဲ့ကလေးတွေအတွက်ကျနော်တတ်နိုင်တဲ့အကြံပေးချက်ပါ။ အဲဒါလေးပါပဲ ကိုစိန်ကျော်လှိုင်။
အောင်သင်း
ခေတ်ပြိုင်မှကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့