.

ချစ်သူနှစ်ယောက်အကြောင်း

Saturday, 05, 07, 2008./ ၁၃၇၀ ခုနှစ်၊ ၀ါဆိုလဆန်း (၃) ရက်။

အသည်းမငယ်ပေါင်..
မဲနယ်တောင်မှာ
မောင်ပြန်လာရင်
ဆောင်းဝင်ညဖက်
သနပ်ဖက်လှော်
မြေပဲကြော်လို့
ပအိုဝ်းရိုးရာ
လသာသာအောက်
ရေချောင်းပေါက်အောင်
ညတိုင်းမောင်ရောက်
နိမ်းထီ သောက်ရင်း
လွမ်းချင်းသီဖွဲ့
ကိုရွှေဧည့်သည်
သိပ်လွမ်းတယ်လို့
မခို့တယို့လေး ပြောဦးမှာ...........။


မူးပေးခမျာ
စောင့်သာစောင့်ရ
လပြည့်ညတွေ
မရေနိုင်တော့................။

ဝုန်းဒိုင်းပေါက်ကွဲ
သန်းခေါင်ထဲမှာ
ညကပြာရီ
ရွှန်းကြည်လပြည့်
မေ့လောက်အောင်လှ
ရုပ်ဆိုးရပြီ
ကျည်သံ ဗုန်းသံ
မိုးလုံးညံလျှက်
ငရဲပွက်
ကောင်းကင်အက်ပြို
ငိုရပြီ.................။

လပြည့်ပြန်ပြီ
ကြည်လင်လှရဲ့
တောနဲ့တောင်ရိပ်
တိတ်ဆိတ်အေးချမ်း
မြေနီလမ်းက
တောင်ကျချောင်းဘေး
တရေးကွေးအိပ်
ခပ်မဆိပ်သာ
တုံဏှိဘာဝေ
ဆွံ့အနေချိန်
လမင်းထိန်စင်
အာရုံပြင်မှာ
ရွှင်လန်းတက်ကြွ
ချစ်ရသူအတွက်
မြို့ပြန်လက်ဆောင်
ရင်တောင်ခုန်ရဲ့............။


မိုးဖြားရေ
မူးပေးဘယ်မှာ
ပြောစမ်းပါဗျ
နေမှကောင်းလား......။

မမေးနဲ့ သား
တောင်ယာနားမှာ
မြေသားမြေပုံ
နှင်းစိုယုံလေး
မူးပေးလဲလျောင်း
အခါနှောင်းပြီ
မျက်ရည်သုတ်ရင်း
အံတင်းလို့ဖြေ....။

အသည်းမငယ်ပေါင်..
မဲနယ်တောင်မှာ
မောင်ပြန်လာရင်
ပြုံးရွှင်ကြိုဆို
မူးပေး ငိုဘူး...
ချစ်ဦးမောင်ရေ
စိတ်ချနေတဲ့
သူပြောခဲ့လဲ
ရင်ကွဲကြေမွ
ဒီတညမှာ
ငါ့ကိုခေါ်ပါ မူးပေးရာလို့
တောင်ယာနဘေး
မြေပုံလေးမှာ
ကောင်လေးတယောက်
ဒူးထောက်ငိုတာ
သင်သာတွေ့လျှင်
သူပြောချင်တာ
ရင်နာနာနဲ့
နားထောင်ခဲ့ပါ
ဒီတောင်ယာဘေး
ကြယ်ကလေးတွေကြွေလိမ့်မည်.....။

ငြိမ်းဇေဦး

ငြိမ်းဇေဦးဘလော့မှ ကူးယူဖော်ပြသည်

နိမ်းထီ = လက်ဖက်ရည်ကြမ်း
မိုးဖြား = အမေ
မူးပေး= ကောင်မလေး

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

    Today's Quote
    Think where man's glory most begins and ends, and say my glory was I had such friends.
    William Butler Yeats