Burmese Junta Passed the Famous Psycho Test
တင်ပြသူ- (m.s)အမျိုးသမီးတယောက်ဟာ သူ့မ မိခင်ရဲ့ အသုဘကို ပို့ဆောင်စဉ်မှာ သူမတခါမှမမြင်ဘူး၊ မသိဘူးသော အမျိုးသားတဦးနဲ့ ဆုံတွေ့ခဲ့တယ်။ ဒီအမျိုးသားဟာ အမတန်မှအံ့သြ ဖွယ်ကောင်းလောက်အောင် သူမရဲ့ စိတ်ကူးရင် အိမ်မက်ကမ္ဘာလေးထဲမှာ နေရာယူ သွားခဲ့တယ်။ သူမဟာဒီအမျိုးသားကို မြင်မြင်ချင်းဆိုသလိုဘဲ အမတန်မှချစ်ခင် စွဲလမ်းနှစ်သက်မြတ်နိုးပြီး၊ သူမရဲ့ စိတ်ကူးရင် အိမ်မက်ကမ္ဘာလေးထဲ ရင်ထဲမှာ အချစ်မိုးတွေ တိတ်တခိုးလေး ရွာလိုက်မိခဲ့တယ်။ ဘယ်လောက်တောင် မြင်မြင်ချင်းစွဲလမ်းသွားသလဲဆိုတော့ ဒီအမျိုးသား သူဘယ်မှာနေတယ် ဆိုတာနဲ့ သူ့ဖုံးနံပါတ်ဘာလဲ ဆိုတာကိုတောင်မေးဘို့ သတိမေ့သွားခဲ့တယ်။ ဒါကြောင့်မိုလို့လည်းမိခင်ရဲ့ အသုဘပို့ဆောင် ပြီးတဲ့နောက်ကစပြီး၊ သူမ အိမ်မက်ကမ္ဘာလေး ထဲက ဒီအမျိုးသားကို ပြန်လည်မဆုံစည်း၊မတွေ့ခဲ့ရတော့ပါဘူး။ ရင်ထဲမှာ တမ်းတလွမ်းဆွတ်ရလွန်းလို့ သောကပင်လယ် ဝေခဲ့ရတယ်။
နောက်မကြာတဲ့ ရက်အနည်းငယ်အတွင်းမှာ သူမဟာ အမတန်မှချော်မော်လှပငေးယူရ လောက်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် သူမရဲ့ အမကြီးကို ကိုယ်တိုင်သတ်ခဲ့တယ်။ ဒီအမရင်း ကိုသတ်ခဲ့ရတဲ့ သူမကိုအဓိကလှုံ့ ဆော်စေခဲ့တဲ့ အကြောင်းအရာဟာ ဘာလဲ၊ လူသတ်ခဲ့တဲ့ သူမရဲ့ အကြောင်းအရာ၊ ရည်ရွက်ချက်က ဘာကြောင့်လို့ ထင်သလဲ။
အမတန်မ အမြော်အမြင်ကြီးစွာနဲ့ တိုင်းပြည်ကိုဒီနေ့အုပ်ချုပ်နေတဲ့ န၀တ စစ်အုပ်စု ခေါင်းဆောင် တော်တော်များများကတော့ DSA နှင့် OTS တွေကို တက်ရောက် ပညာသင်ကြား ခဲ့စဉ်က ဒီမေးခွန်းကို မှန်မှန်ကန်ကန်ဘဲ ဖြေဆိုနိုင်ခဲ့တယ်ဗျာ။
မေးခွန်းနှင့်အဖြေတွေကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖော်ပြထားပါတယ်။........ဆက်ဖတ်ကြည့်ပါ။
A woman , while at the funeral of her own mother, meets a guy whom she did not know. She thought this guy was simply ' amazing' , very much of her dream guy, she believed him to be just that! She fell in love with him right there, but never asked for his number and could not find him.
A few days later she killed her FIRST sister.
Question: What is her motive in killing her sister?
(Give this some thought before you answer).
SCROLL DOWN ............ .
.
.
ကျွန်တော် အဖြေမပြောပြခင် ဖြစ်နိုင်မဲ့ အဖြေတွေကိုဝိုင်းစဉ်းစားကြရအောင်၊ ဖြေကြရအောင်။
အဖြေကတော့ သူ့အမသေသွားယင် သူ့အမအသုဘကို ဒီအမျိုးသား လာပြီးပို့လိမ့် အုံးမယ်လို့မျှော်လင့်ထားတယ်။ အသုဘမှာ ထပ်မံဆုံဆည်း နိုင်လိမ့်မယ်လို့ သူမမျှော်လင့်ထားလို့ပါဘဲ။
ခင်ဗျားတို့အဖြေဟာ မှားခဲ့ရင် ခင်ဗျားတို့ မဂေါက်သေးဘူးပေါ့ဗျာ၊ ခင်ဗျားတို့အဖြေဟာ မှန်ခဲ့ရင် တော့ ခင်ဗျားတို့ စိတ်ရောဂါ အထူးကုနဲ့တွေ့ သင့်တယ်လို့ဘဲ အကြံပေးပါရစေ။
မယုံမရှိကြနဲ့ ဗျို့ ….. စိတ်ရောဂါနဲ့ဆိုင်တဲ့ ဒီမေးခွန်းကို န၀တစစ်အုပ်စုကခေါင်းဆောင်တွေ ကို အခုပြန်မေးကြည့်တော့ သူတို့အားလုံး( ၉၂.၂၅) % နဲ့ အံ့သြဖွယ်ကောင်းလောက်အောင် အဖြေမှန်ကိုပေးနိုင်ခဲ့ ကြတယ်။
ကုလသမဂ္ဂမှာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနှင့်နိုင်ငံတကာအစိုးရတွေက မြန်မာပြည်က အသုဘ နာရေးတွေ အကြောင်းဆွေးနွေးခဲ့စဉ်မှာ၊ န၀တစစ်အုပ်စုဟာ ခုနက ပြောပြခဲ့တဲ့ ဇတ်လမ်းလေးထဲကအမျိုးသမီး သူမအိမ်မက်ကမ္ဘာထဲက အမျိုးသားကို ချစ်ခင်နှစ်သက်စွဲလမ်းသွားသလို၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနှင့် နိုင်ငံတကာအစိုးရတွေကို န၀တစစ်အုပ်စုတော်တော် စွဲလမ်းနှစ်သက်သွားခဲ့တယ်။
မြန်မာပြည်မှာ ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားတဲ့ နာဂစ်မုန်တိုင်းမှာ လူများများသေမှ သူ အမတန် တိတ်တခိုးလေးအချစ်မိုးရွာ ခဲ့ရတဲ့ အနောက်နိုင်ငံအစိုးရ တွေနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကို အသုဘ ပို့ဆောင်တဲ့ အချိန်မှာ ထပ်မံဆုံစည်း နိုင်အောင် မျှော်လင့်ခဲ့ကြလို့ပါဘဲ။
အဲဒီတော့ န၀တစစ်အုပ်စုခေါင်းဆောင်တွေ ဒီစိတ်ရောဂါဆိုင်ရာ မေးခွန်းကို အဖြေမှန်ပေးတာမဆန်ပါဘူးနော်။ ဒီနေ့ လူမဆန်တဲ့ န၀တ၏ လုပ်ရပ် ဟာ ကမ္ဘာကျော် ရီစရာပြက်လုံး တခုလိုပါဘဲလား။ ………..။
Answer: She was hoping that the guy would appear at the funeral again.
If you answered this correctly , you think like a psychopath .. This was a test by a famous American Psychologist used to test if one has the same mentality as a killer. Many arrested serial killers took part in the test and answered the question correctly. If you didn't answer the question correctly, good for you.
Be sure to share the test!
ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်
Print this post
0 comments:
Post a Comment