.

ရုပ်ရှင်လောကသားတချို့ မူးယစ်ဆေးမှုနှင့် ခေါ်ယူစစ်ဆေးမေးမြန်းခြင်းခံရ

Saturday, 07, 06, 2008./ 04, 03, 1370.
ဖေဖော်ဝါရီလအတွင်းက နေပြည်တော် အကယ်ဒမီဆုပေးပွဲတွင် အကယ်ဒမီ ရွှေစင်ရုပ်ဆုများကို ပူပူနွေးနွေး ဆွတ်ခူးရရှိခဲ့ကြသည့် ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း၊ မင်းသမီး အကယ်ဒမီ နန္ဒာလှိုင်၊ ဇာတ်ပို့ အကယ်ဒမီ ဖိုးကျော်နှင့် သရုပ်ဆောင် န၀ရတ်တို့ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုများနှင့် ပတ်သက်၍ သံသယရှိသည့်အတွက် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့တဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အကယ်ဒမီဆုရ ဇာတ်ပို့သရုပ်ဆောင် ဖိုးကျော်သည် မူးယစ်ဆေးဝါးကို ကိုယ်တိုင်ကိုယ်ကျ သုံးစွဲသူဖြစ်သလို ရုပ်ရှင်လောကအတွင်း အဓိက ရောင်းဝယ်ဖောက်ကားသူဟု နာမည်ထွက်နေသည့်အတွက် သူအား ပထမဆုံး ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ကြောင်း၊ ထို့နောက်မှ သူနှင့် ဆက်နွယ်နေသည့် မြန်မာရုပ်ရှင် လောကသား တချို့ကို ယခုကဲ့သို့ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခေါ်ယူစစ်ဆေး မေးမြန်းခံရသူများကို ယခုအခါ ပြန်လွှတ်ပေးခဲ့ပြီး ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်းကိုမူ အဆိုပါ အမှုကြောင့် နာဂစ်မုန်တိုင်း ရန်ပုံငွေအတွက် ရိုက်ကူးမည့် ဇာတ်ကား (၆)ကား၏ ဒါရိုက်တာများ စာရင်းမှ ဖြုတ်ချန်ထားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရုပ်ရှင်လောကသားအချို့ စစ်ဆေးမေးမြန်းခံရမှုသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရသည့် အထူးစစ်ဆင်ရေး (၁) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏ သားဖြစ်သူ အောင်ဇော်ရဲမြင့်၏ အမှုနှင့် ဆက်စပ်ပတ်သက်နေကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံ ရုပ်ရှင် လောကသားများအတွင်း အက်ကစီ၊ ရာဘ ခေါ် ရာမနှင့် ဘိန်းဖြူသုံးစွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ဒေါက်တာလွဏ်းဆွေမှ ကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့