င်္Friday, 06, 06, 2008. / 03. 03. 1370.
လန်ဒန်မြန်မာသံရုံးမှ မြန်မာသံတမန်တဦးနှင့် မိသားစု ထွက်ပြေးပြီးနောက်ပိုင်း မြန်မာသံတမန်များ အလားတူ ထွက်ပြေးမည်ကိုနိုင်ငံခြားမြန်မာသံအမတ်ကြီးများအထူးစိုးရိမ်မကင်းဖြစ်နေသည်ဟုသံတမန်သတင်းရပ်ကွက်က ပြောသည်။
အင်္ဂလန်နိုင်ငံလန်ဒန်မြို့မြန်မာသံရုံးမှရုံးအုပ်ကြီးအဆင့်ရှိဒေါ်နွယ်နီနှင့်မိသားစုနေပြည်တော်ပြန်ပြောင်းရမည့်အချိန်တွင် သံရုံးမှထွက်ပြေးပြီးဗြိတိသျှအစိုးရထံနိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့သည့်အတွက် နိုင်ငံခြား မြန်မာသံအမတ်ကြီးများ ယခုကဲ့သို့ စိုးရိမ်မကင်း ဖြစ်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် သံတမန်တဦးက ပြောသည်။
လက်ရှိနိုင်ငံခြားမြန်မာသံအမတ်ကြီးအများစုမှာဗိုလ်မှူးကြီးအဆင့်အနိမ့်ဆုံးရာထူးရှိသည့်စစ်ဘက်အရာရှိများဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များတွင်တာဝန်ထမ်းဆောင်နေသည့် မြန်မာသံအမတ်ကြီးများကို ၂၀၀၄ ခု ဒီဇင်ဘာ (၂) ရက်နေ့အရောက် ရန်ကုန်ပြန်လာ သတင်းပို့ခိုင်းပြီး မကြာခင် စစ်ဘက်အရာရှိများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားမြန်မာသံရုံးများမှထွက်ပြေးသည့်အရပ်ဘက်ဝန်ထမ်းများသည်နိုင်ငံခြားရေးဝန်ကြီးဌာနနေပြည်တော်ပြောင်းပြီး
နောက်ပိုင်း အပြေးများလာသည်ဟု နေပြည်တော်အရာရှိတဦးက ပြော သည်။ အထူးသဖြင့် နိုင်ငံခြားမှာ တာဝန်ကျသည့် နှစ်ပြည့်၍ နေပြည်တော်ပြန် ပြောင်းရမည့်အချိန် မျိုးတွင် မြန်မာသံရုံးမှ ထွက်ပြေးလေ့ရှိသည်ဟု ပြောသည်။
မကြာခင်နှစ်များအတွင်း ဘန်ကောက်မြန်မာသံရုံးမှ မြန်မာသံတမန်အမျိုးသမီးနှင့် မိသားစု ဖိလစ် ပိုင်နိုင်ငံသို့ ထွက်ပြေးခဲ့သည်ဟုသံတမန်သတင်းရပ်ကွက်ကပြောသည်။၂၀၀၅ ခုနှစ်ကလည်း အမေရိကန်နိုင်ငံ မြန်မာသံရုံး ဒု-သံအမတ် ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ် အမေရိကန် ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့သည်။ ဗိုလ်မှူးအောင်လင်းထွဋ်သည်ဇနီး၊သား(၁)ဦး၊သမီး(၂)ဦး၊ညီမ(၁)ဦးတို့နှင့်အတူနိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့ခြင်းဖြစ်သည်ဟု Washington Post သတင်း စာက ရေးခဲ့သည်။
ထောက်လှမ်းရေးဒုတိယအကြီးအကဲဗိုလ်မှူးချူပ်ကျော်ဝင်း၏တရားမ၀င်ဇနီးဟုစွပ်စွဲခံရသည့်မြန်မာအမျိုးသမီးတဦး ၀ါရှင်တန်ရောက်ပြီးမကြာခင်ထောက်လှမ်းရေးဗိုလ်မှူးအောင်လင်းထွဋ်နှင့်မိသားစုနိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့ခြင်း ဖြစ်သည်။ ။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်
Print this post
0 comments:
Post a Comment