.

အမျိုးသားရေး


ငါ့ညီမောင်ပျင်း၊ ဗြောင်လစ်ခြင်း
သက်ပြင်းကိုချ၊ ထရမလို
ထိုင်မလိုနဲ့၊ လိမ်ခဲ့သမျှ
ဖုံးမရသော်၊ ကုန်းမှပေါ်ပြီ
အော်ဂလီဆန်၊ ဖာလေသံနဲ့
ထန်လိုက်ပျော့လိုက်၊ ကွေ့ဝိုက်လိမ်ညာ
ဗလာသောက်ရှက်၊ ရတက်မအေး
စစ်ခွေးလိမ်ညာ၊ ယုတ်ကမ်းပါရဲ့။

ငါ့ညီမောင်ပျင်း၊ ဗြောင်လစ်ခြင်း
မင်းမြင်ရက်ရင်၊ သောင်ပြင်ကိုကြည့်
သေသည့်အလောင်း၊ ထောင်သောင်းမက
ငတ်နေကြတဲ့၊ အားမဲ့ပြည်သူ
ကူသူမရှိ၊ သေမည့်နေ့အား
ထိုင်စောင့်စားရင်း၊ အားငယ်ခြင်းနဲ့
ဆုံးခဲ့သမျှ၊ သမီးလှပျို

ရေစိုအလောင်း၊ အခေါင်းမပါ
မျောချင်ရာမျော၊ တွေးတောကြေကွဲ
ဖြေလဲမရ၊ ဒီဘ၀တွေ
သိန်းချီနေပြီ၊ မျက်ရည်မြစ်ဖြစ်
မင်းတို့နစ်မယ်၊ နေကွယ်ချိန်ဟာ
နက်ဖြန်ခါလား၊ စဉ်းစားထုပ်ပိုး
ခွေးသူခိုးလို၊ ခြံစည်းရိုးခွ
ထိုင်ပြမလား၊ ပြေးမလား။

ငါ့ညီမောင်ပျင်း၊ ဗြောင်လစ်ခြင်း
ချင်းမိုင်၊ မဲဆောက်၊ နယူးယောက်မှာ
ဝါရှင်တန်နဲ့၊ ဘန်ကောက်ရဲ့ည
သိပ်လှနေတုန်း၊ ဗြုန်းဆို မုန်တိုင်း
လူသတ်လှိုင်းလုံး၊ သိမ်းကျုံးသတ်ဖြတ်
ငတ်သောသူများ၊ ဆင်းရဲသားတို့
အားကိုးရာမဲ့၊ သေခဲ့ရပြီ
တတ်နိုင်သမျှ၊ ၀ိုင်းကူကြ။

ငါ့ညီမောင်ပျင်း၊ ဗြောင်လစ်ခြင်း
ကမြင်းမသား၊ ပရော့ဂျက်ကြားထဲ
အမဲလိုက်သလို၊ ဟိုသည်လက်ဖြန့်
တပ်လှန့်တောင်းရမ်း၊ ချမ်းသာသမျှ
ဝေမျှလှူဒါန်း၊ ပြည်သူ့ဝမ်းတွက်
ငဲ့ကွက်ညှာတာ၊ အားထုတ်ပါဟ
ငါတို့ပြည်သူ၊ လူစဉ်မမီ
ငတ်ကြပြီ။

ငါ့ညီမောင်ပျင်း၊ ဗြောင်လစ်ခြင်း
မင်းတို့အဖြစ်၊ ဆန်းစစ်ပြန်ကြည့်
မြင်မိစေကြောင်း၊ အလောင်းတို့ကြား
ဠင်းတနားသို့၊ ငါတို့မြင်မိ
ရှက်ပါ၏။ ။

တော်ကီ

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့