.

အလင်္ကာကျော်စွာ ကာတွန်းဝိဇ္ဇာ ဦးဘဂျမ်း (၁၉၀၂-၁၉၅၃)



ကာတွန်းဝိဇ္ဇာ ဦးဘဂျမ်းသည် မအူပင်ခရိုင် ညောင်တုန်းမြို့ ၁၂၆၃-ခုနှစ်တပို့တွဲလဆန်း ၁၃-ရက် ကြာသာပတေးနေ့ (၁၉၀၂-ခုနှစ်ဖေဖော်ဝါရီလ ၂၀-ရက်) ၌ဖွားမြင်သည်။ မွေးချင်းခြောက်ယောက် ရှိသည့်အနက် ဦးဘဂျမ်းမှာ ပဉ္စမမြောက်ဖြစ်သည်။



ရန်ကုန်တက္ကသိုလ်တွင် ဥပစာတန်းအထိ ပညာသင်ကြား၍ ၁၉၂၉ ခုနှစ်တွင်ဘွိုင်လာအင်စပိတ်တော်ချူပ်ရုံး၌ လစာငွေ၉၀ိ-စား စာရေးအဖြစ်အမူထမ်းသည်။လုပ်သက်တနှစ်ကျော်ရှိမှ ချူပ်ချယ်မူကိုမနှစ်သက်၍ အလုပ်မှထွက်ကာ ငယ်စဉ်ကပင်ဝါသနာထုံသော ရုပ်ပြောင်ကာတွန်းကိုရေးဆွဲသည်။ ရန်ကုန်ဂေဇက်သတင်းစာက
သူ့ကာတွန်းများကိုစတင်ဖော်ပြသည်။

အယ်ဒီတာ မစ္စတာမောင်မိုင်းက ငွေ၆၀ိ-ထုတ်ပေးလိုက်၍ ကာတွန်းဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုရန် စိတ်ဓါတ်ခိုင်မြဲသွားသည်။ သတင်းစာဆရာများက သူ့ကာတွန်းများကို အလုအယက်သုံး၍ ကာတွန်းဆရာအဖြစ် အောင်မြင်လာသည်။ ပန်းချီဆရာအသင်း အတွင်းရေးမှူးအဖြစ် လေးနှစ်ဆောင်ရွက် သည်။

ထိုမှတဆင့်တက်၍ ပဲရော့ရုပ်ရှင်မှ ပေ၈၀၀ ရှည် ”ကြက်တောင်ကွ” နှင့် ပေ၁၀၀၀ခန့်ရှိ ”အသူရာ” ကာတွန်းရုပ်ရှင်ကားများကို တီထွင်ရိုက်ကူးသည်။ ထိုအချိန်က ကာတွန်း ရုပ်ရှင်ရေးဆွဲနည်းမရှိသေး၍ မှန်ရှေ့တွင် ခါးတောင်းကျိုက်လမ်းလျှောက်ကာ အရုပ်လှုပ်ရှားပုံကို ခက်ခက်ခဲခဲ မှတ်ခဲ့ရသည်ဟုဆိုသည်။ ဤနည်းဖြင့် ပုံပေါင်း နှစ်ထောင်ရေးဆွဲပြီး ကာတွန်းရုပ်ရှင်ကို နှစ်လခွဲအတွင်း ရိုက်ကူးနိုင်ခဲ့သည်။

ဆရာဦးဘဂျမ်းသည် ကာတွန်းရေးဆွဲရာတွင်သာမက စာအရေးအသားလည်းကောင်း သူဖြစ်သည်။အထူးသဖြင့် ဟာသ၀တ္ထုရေးသားရာတွင် ပြောင်မြောက်သည်။သူကိုယ် တိုင်ကြီးမှူးထုတ်ဝေသော”ရွှေမြို့တော်မဂ္ဂဇင်း”၌ သုသုအမည်ဖြင့်”ညီမလေးကြောင့်” ၀တ္ထုကိုရေးသည်။ ရှူမ၀နှစ်ရာပြည့်တွင်ဖော်ပြသော ”အချစ်ကြောင့်” ၀တ္ထုရှည်မှာ ဟာသဥာဏ်ရွှင်၍ ဆွဲဆောင်မူအပြည့်ရှိသောဝတ္ထုဖြစ်သည်။

၁၉၅၀-ခုနှစ်လောက်က လက်ဖျားငွေသီးနေသော ဦးဘဂျမ်းအား ဖဆပလအစိုးရက အ မြတ်တော်ကြေး ကောက်ရန်ဆင့်ဆို၍ ဦးဘဂျမ်းသည် ကာတွန်းမဆွဲပဲသုံးလခန့် သပိတ်မှောက်ဘူးသည်။ သူ့ကာတွန်းများကို မကြည့်ရမနေနိုင်သောလူထုက တောင်း ဆိုကြ၍ ကာတွန်းပြန်ဆွဲခဲ့သည်။ ဦးဘဂျမ်း၏ ကာတွန်းများသည် လူထုအပေါ် သြဇာကြီးမားသောကြောင့် ဖဆပလ အာဏာပိုင်ကြီးတဦးက ဦးဘဂျမ်းအား ညွှန်ကြားရေးဝန်တနေရာယူ၍ နိုင်ငံ့ဝန်ထမ်းဆောင်ဘို့စည်းရုံးသည်။ ဦးဘဂျမ်းက သူ့အတွက်ရော တိုင်းပြည်အတွက်ပါအကျိုးရှိမည် မဟုတ်ဟုငြင်းဆိုခဲ့သည်။

ဆရာဦးဘဂျမ်းသည် တယောထိုးခြင်းနှင် ကျားကစာခြင်းကို ၀ါသနာထုံသည်။ လူများရာ ပွဲလမ်းသဘင်ဧည့်ခံပွဲများသို့သွားလေ့မရှိ၊ ထင်ရှားမူကို လိုလား သူလည်းမဟုတ်ချေ။ ဆရာဦးဘဂျမ်းသည် ၁၉၃၄-ခုနှစ်တွင် ပဲခူးမြို့သူ
ဒေါ်ကြည်နှင့်အကြောင်းပါသည်။ ၁၉၄၈-ခုနှစ်တွင် သားကိုဗိုက်ခွဲမွေးရသောဒဏ်ဖြင့် ဒေါ်ခင်ကြည်ကွယ်လွန်ရာ အလွန်စိတ်ထိခိုက် သွားရှာသည်။ ထို့ကြောင့် ဦးဘဂျမ်း ဇာတ်လိုက်ကျော် ”ဦးဖျောက်ဆိပ်” သည်ရသေ့ဝတ်ပြောင်းကာ ”ရသေ့ကြီး ဦးဖျောက်ဆိပ်” ဖြစ်လာရသည်။

ဦးဘဂျမ်းသည် စာနယ်ဇင်းများတွင် မိမိအာဘော်ဖြင့်ရေးသည့် ပုံပြင်များကို”ဘဂျမ်း” ဟူ၍ လက်မှတ်အပြည့်အစုံရေးထိုးပြီးမိမိအာဘော်မဟုတ်ဘဲ အခြားသူများ၏ အာဘော်ကိုသရုပ်ဖော်ပေးရသောအခါ ”ဘီဂျီ”ဟူ၍အတိုကောက်လက်မှတ်ထိုး လေသည်။ နိုင်ငံခြား၌ပညာဆည်းပူးရန် အစိုးရကစေလွှတ်မည်ဆိုသော်လည်း လိုလိုချင်ချင်မရှိ၊ ငြင်းဆန်ခဲ့လေသည်။

ဦးဘဂျမ်း၏ကိုယ်ပိုင်ဇာတ်ကောင်များမှာဗမာ့ခေတ်သတင်းစာတွင်ဦးဖျောက်ဆိပ်၊ ဟံသာဝတီသတင်းစာတွင် ”ချာရာဏသီမောင်မြေဇာ” တို့ဖြစ်သည်။ ဦးဘဂျမ်းသည် ဂ္ဂိုလ်ရေးအရ သရော်ပြီးရေးသားခြင်းမပြုခဲ့ပေ။ ခေတ်စရိုက်သဘာဝ ကို အဓိကထားကာ သရော်ခဲ့သည်။နေ့စဉ်ထုတ်သတင်းစာများကဖတ်ကာ တိုင်းပြည်
အတွက်ဖြစ်ပျက်နေသော အရေးအကြောင်းများက လေ့လာအကဲဖြတ်ပြီးမှပုံရေးလေ့ ရှိသည်။

ဆရာဦးဘဂျမ်းသည် အစာမကြေရောဂါ၊ အနာ့ပဆုပ်ရောဂါတို့၏ဒဏ်ကြောင့်၁၉၅၃-ခုနှစ်ဖေဖော်ဝါရီလ ၁၈-ရက်တွင် ကွယ်လွန်သည်။ ဦးဘဂျမ်းမရှိတော့ မှ ဖဆပလ-အစိုးရက ၁၉၅၅-ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ကိုချီးမြင့်သည်။
ကျန်ရစ်သူတစ်ဦးတည်းသော သားလေးမောင်ကျော်ညွန့်အား ထိုဆုကိုရန်ကုန်မြို့ ဂျူဗလီဟော၌ပေးအပ်ခဲ့သည်။ ထိုဂုဏ်ပြုပွဲတွင် ပန်းပုဦးဟန်တင်ထုထားသော ဦးဘဂျမ်း၏ ကိုယ်တပိုင်းပန်းပုရုပ်ပုံကို ပန်းချီဦးငွေကိုင်ကဖွင့်လှစ်ပေးခဲ့လေသည်။

Credit to juniorwin

http://www.myanmarfamily.org မှကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့