.

သောတ၀စန လင်္ကာဝစန

၁၃၇၀ ပြည့်နှစ်။ တပေါင်းလဆန်း (၀၉) ရက်။ ကြာသပတေးနေ့။

အိုင်ချင်း
ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောင်းမတို့လေ။ ။
ဝါဆိုငယ်မှ ဝါခေါင်၊ ရေဖောင်ဖောင်နှင့်၊ ရွာတောင်ကချောင်း၊ ရွာနောက်ပေါင်းကို၊
ထနောင်းကြောင်ချစ်၊ ဆူးရင့်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးကမသည်း။ ။
လယ်ပြင်ငယ်မှပတ်သန်း၊ ပျိုးကောက်ငန်းနှင့်၊ အလွမ်းငယ်မှ ပျော်ရာ၊
နှမကြီးမယ်သာစိုက်ပါတဲ့ ကောက်ငန်းတာကို၊ မောင်ကလေးငယ်၊
မောင်မလာသည်၊ မလာကတည်း၊ နှမကြီးဝမ်းမနည်း။



ကောက်ငန်းသွယ်မှ သွယ်ဝိုက်၊ ကန်သင်းပေါ်က မျှော်မိလိုက်တိုင်း၊
ပျိုကြိုက်တဲ့သူ၊ ပဝါထယ်ကို၊ ထိပ်လယ်မှာပေါင်း၊ ဆံသွယ်ပျောင်းငယ်နှင့်၊
ပေါင်းကြော့လူကို၊ စိတ်တူနှောလို့၊ မပြောရလေ။
ယင်းမာပန်လျက်၊ ကောက်စိုက်ဘက်ကို၊
လက်ခုပ်ပင်တောင်၊ ပညောင်ပင်လှ၊ နှောပင်ခွနှင့်၊
လမ်းမတိုးယို၊ ဆီးချုံရိပ်မှာလ၊ တဆိတ်ကယ်ခိုပြီးလျှင်၊
ချုံညိုစွန်းမှာတဲ့ အလွမ်းဖြေဆို။
အပျိုဖြူငယ်က ကျွမ်းပါတဲ့ လွမ်းတုံ့တင်လေး။


မြင်းခင်းတော်ဘွဲ့

မြန်မြေနယ် ဇမ္ဗူဘောင်၊
လျှံဝေခြယ် ခြူအရောင်၊
(သွန်းသွန်းလင်း၊ ရွှန်းရွှန်းဝင်း၊
နတ်မြင်း ဘွေတိမ်ယံပျော်)၂

(ညာမော် ပြိုင်ဖော် ကင်းဝေး၊
ခွာသံမြေလျှံ သောင်းလုံးကြွေး)၂
(စံရွှင် နန်းစဉ်ပျော်ရေး၊
သက်တော်ရာကျော် ကျူးအေး)၂

(စာမရီသို့ ထူးမခြား၊
နတ်မြင်းပျံသို့ မြူးကြွားကြွား)၂
(တွေးမှား၊ တွေးမှား)၂ ပင်။

(ရွှေစင်လျှံလက်၊ ဇမ္ဗူလှော် ကိုးမျက်ကယ်နှင့် လေး၊
ရွှေစင်လျှံ၊ ရွှေစင်လျှံ၊ ရွှေစင်လျှံလက် ဇမ္ဗူလှော် ကိုးမျက်ကယ်နှင့် လေး)
(ဦးခက်ကယ်တဲ့ စိန်တွေစီ၊ ပတ္တမြားလှသိဂီ င်္)၂

(ရောင်နီ ရောင်နီ ရောင်နီစက်သုံး။
စီးနင်းကတောင် တော်ငယ်မှာ၊ တိမ်ပေါ်နတ်လှနှုန်း)၂

ကျွန်းပတ်ကုံး၊ထွန်းလျှပ်ဘုန်း၊
မြင်သူ ထွေးဖွယ်သာ။
(ဣန္ဒာယိုးကြ မှတ်ထင်သော၊
ကွန့်မြူးပျံကြွ နတ်သိန္ဒော) ၂
(တွေးမော တွေးမော)၂ ပင်။

စန္ဒရာယှက် စီးပုံပြင်၊
မြင်သူ မြင်သူ ချီးအံ့အဲ။
မြင်းယဉ်ဟန်လှ နွှဲပါလို့၊
အဲမောင်း ဝေဝေ၊ မြိုင်မြိုင်လေတည့်မှ
သိကြား တန်ဆောင်ကိုင်။

ခေတ်ပြိုင်မှ ကူးယူဖေါ်ပြသည်။


ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့