.

ဘယ်သူပြောင်းပြောင်း။ သူဘဲ မင်းကြီးသက်တော်ရှည်. (ငါမအိုသေး)

Saturday, 21, 06, 2008. / 18, 03, 1370.

စစ်အစိုးရ၏ အရေးပါသော ရာထူးများတွင် အပြောင်းအလဲများလုပ်
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 20 2008 21:15 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံမှ လျှို့ဝှက် သိပ်သည်းလှသော ဗိုလ်ချုပ်ကြီးများသည် အစိုးရ အဖွဲ့တွင်းနှင့် တပ်တွင်း အရေးပါသော ရာထူး နေရာများကို အပြောင်းအလဲ ပြုလုပ်လိုက်သည်။

စစ်အစိုးရက အစိုးရအဖွဲ့တွင်း အပြောင်းအလဲများကို တရားဝင် ကြေညာသော်လည်း စစ်တပ်တွင်း တပ်မှူး အပြောင်းအလဲများနှင့် ကာကယ်ရေး အထူးစစ်ဆင်ရေး ဌာနမှူး (BSO) အပြောင်းအလဲများကိုမူ ထုံးစံအတိုင်း ပင် ထုတ်ပြန် ကြေညာခြင်း မပြုပါ။


ယခင်က ဝန်ကြီးဌာန ၂ ခုကို ပူးတွဲ ကိုင်ထားခဲ့သော ဗိုလ်ချုပ် မောင်မောင်ဆွေကို ဆိုင်ကလုံးအလွန် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး လုပ်ငန်းများကို တာဝန်ယူရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တနေရာကိုသာ တာဝန် ယူရန် လျှော့ချလိုက်သည်။ အခြား ဝန်ကြီးဌာနတခု ဖြစ်သော လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဌာနကိုမူ အသစ် ခန့်အပ်လိုက်သော ဗိုလ်ချုပ် စောလွင်က တာဝန်ယူမည် ဖြစ်သည်။

ဗိုလ်ချုပ် စောလွင်၏ ယခင် ရာထူးဖြစ်သော စက်မှု (၂) ဝန်ကြီး တာဝန်ကို ရေတပ် စစ်ဦးစီးချုပ် ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက လွှဲပြောင်း တာဝန်ယူမည် ဖြစ်သည်။

ယင်းကို လေ့လာသူများက အာဏာ လျောကျသွားခြင်း ဖြစ်သည် ဟု သုံးသပ် ပြောဆိုနေကြသည်။ ထိုအတောအတွင်း အလားတူ တပ်မှူး အပြောင်းအလဲ အများအပြားကို မြန်မာ စစ်အစိုးရက ကြေညာခြင်း မပြုဘဲ ပြုလုပ်ခဲ့ခြင်းကို ပြုလုပ်ခဲ့ သည်။ ငယ်ရွယ်သော အရာရှိများကို တပ်မှူးများအဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပြီး အရေးပါသော နေရာရှိ တပ်မှူးကြီးများကို ပိုမြင့်သည့် ရာထူး ဖြစ်သည့်စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ်များ (ကစထ) သို့ တိုးမြှင့် ခန့်အပ်ခဲ့သည်။

စစ်တပ် အသိုင်းအဝိုင်းမှ လာသော သတင်းအရ အရေးပါသော စစ်တပ် တပ်မှူး ၄ ဦးကို ကစထမှူးများအဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။ အဆိုပါတပ်မှူးကြီး ၄ ဦးမှာ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကို တို့ ဖြစ်ကြပြီး ယင်းတို့ကို ကစထမှူးများ ဖြစ်လာကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

မြန်မာစစ်တပ်တွင် ကထစမှူးရာထူး ၅ နေရာရှိပြီး ယခင် ကစထမှူးများထဲမှ ဗိုလ်ချုပ်မောင်ဘို တဦးသာ မူလရာထူးတွင် ကျန်ရစ်သည်။ အခြား ၄ ဦးဖြစ်သည့် ဗိုလ်ချုပ် ရဲမြင့်၊ ဗိုလ်ချုပ် အောင်ထွေး၊ ဗိုလ်ချုပ် ကျော်ဝင်း နှင့် ဗိုလ်ချုပ် ခင်မောင်သန်း တို့ကို အငြိမ်းစားပေးလိုက်သည်။

အနားယူသွားရပြီ ဖြစ်သော ကစထမှူးများမှာ စစ်အစိုးရ အဖွဲ့အတွင်း နံပါတ် ၃ ခေါင်းဆောင် ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှုး (ကြည်း၊ ရေ၊ လေ) ဒုဗိုလ်ချုပ်ကြီး ရွှေမန်းထက် ဝါရင့်သူ (သို့မဟုတ်) အကြီးအကဲဟောင်းများ ဖြစ်ခဲ့ကြခြင်း ကြောင့် စစ်တပ်ပုံစံ အမိန့်ပေး ကွပ်ကဲမှုအရ ကသိကအောက် ဖြစ်ခဲ့ကြသည်။

အသစ်ခန့်အပ်မည့် တိုင်းမှူးသစ်များတွင် ကလော စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ကျော်ဖြိုးနှင့် သံတောင် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ရာပြည့် တို့ ပါဝင်မည် ဖြစ်သည်။ အခြား ၂ ဦး၏ အမည်ကို မူ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

ဤအတောအတွင်း အရေးပါသော ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ကိုလည်း တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေး၏ နေရာတွင် ပြောင်းလဲ ခန့်ထားလိုက်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေးမှာမူ အငြိမ်းစား ယူလိုက်သည်ဟု အဆိုပါ သတင်းရပ်ကွက်များကပင် ဆက်လက် ပြောကြားသွားပါသည်။

“တပ်မှူးတွေ အကုန်လုံး အပြောင်းအလဲ ရှိတယ်၊ မပြောင်းတာဆိုလို့ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေနဲ့ (ဒုဗိုလ်ချုပ်မှူးကြီး) မောင်အေးဘဲ ရှိတယ်” ဟု စစ်တပ် အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါသည်။


ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

    Today's Quote
    Think where man's glory most begins and ends, and say my glory was I had such friends.
    William Butler Yeats